နေခြည်ဦးဆိုရင် မြန်မာနိုင်ငံက မိန်းကလေးတွေအများစု Follow လုပ်ထားကြရတဲ့ Beauty Blogger လေးဆိုတာ အားလုံးသိကြမှာပါ ။ မိန်းကလေးတွေရဲ့ အချစ်တော်လေး ဆိုရင်လည်းမမှားပါဘူး ။ သူမပြောပြတဲ့ မိန်းကလေးတွေအတွက် အသုံးဝင်တဲ့ အကြောင်းအရာတွေကြောင့်ရော ... ချစ်ဖို့ကောင်းတဲ့ အပြုအမူတွေကြောင့်ပါ ပရိတ်သတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားပြီး နေခြည်ဦးရဲ့ Personal acc မှာ လည်း Follower လေးသိန်းကျော်တောင်ရှိနေပါပြီ ။ 

အထှာကျတဲ့ Single မမ နေခြည်ဦးက ခုလည်း သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ ပန်းကြဲပေးနေပါတယ် ။ ခဲရောင်မြန်မာဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ အမှတ်တရပုံလေးတွေကို လူမှုကွန်ယက်ကနေ မျှဝေလိုက်ပြီးချိန်မှာတော့ ပရိတ်သတ်တွေဆီက သဘောကျတဲ့ မှတ်ချက်တွေ အများကြီးကို ပြန်ရလိုက်လေရဲ့ ... 

အချို ့တွေဆို သူမကိုယ်တိုင်လက်ထပ်ဖို့တောင်် ချစ်စနိုးစနောက်နေကြတာပါ ။ ပန်းကြဲဝတ်စုံနဲ့တောင် ဒီလောက်လှရင် သတို့သမီး ၀တ်စုံနဲ့ဆို ဘယ်လောက်တောင်လှမယ့် သတို့သမီးလေး ဖြစ်လိုက်မလဲ ...

သူမကို ချစ်တဲ့ ပရိတ်သတ်တွေရှိရင် ပြောသွားခဲ့ကြဦးလေနော် ... 

သတင်းအရင်းမြစ် Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။