ကိုရီးယားရဲ့ နာမည်ကြီးအဆိုတော် Big Bang အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Taeyang ကတော့ ပရိသတ်တွေကို ဆိုင်းမဆင့်ဘုံမဆင့် သူ့ရဲ့ မင်္ဂလာသတင်းကို ကြေညာလိုက်တာပါ။ ဒီသတင်းက သူ့ရဲ့ ပရိသတ်တွေအတွက် ဂယက်ထသွားစေပါတယ်။

နှုတ်ခမ်းနီမလေးတွေအသဲကျော် အဆိုတော် Taeyang ဟာ သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မယ့်အကြောင်းကို ဒီနေ့မှာပဲ အင်စတာဂရမ်ကနေ ရေးသားပြီး အသိပေးလိုက်တာပါ။

“ဟယ်လို အားလုံးပဲ ကျွန်တော် Taeyang ပါ ဒီနေ့ကျွန်တော့်ဘဝအတွက် အရေးအကြီးဆုံး နဲ့ ပျော်ရွှင်စရာအကောင်းဆုံး သတင်းလေးတစ်ပုဒ်ကို ပရိသတ်တွေကို မျှဝေပေးချင်လို့ပါ။ အဲ့ဒါကတော့ ကျွန်တော်နဲ့ ကောင်းတူတူဆိုးတူတူ (၄)နှစ်ကြာလက်တွဲခဲ့တဲ့ ချစ်သူ Hyorin နဲ့ လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းပါ။ 

ကျွန်တော့ကို မိသားစုလို သဘောထားချစ်ခင်ပေးတဲ့ Bigbang ညီအစ်ကိုတွေအပါအဝင် YG Familyနဲ့ ပရိသတ်တွေကို ဒီလိုပျော်စရာသတင်းကောင်းလေးကို မျှဝေချင်တဲ့ ဆန္ဒနဲ့ပါ။ အရင်လိုပဲ Big Bang ကို ဆက်အားပေးဖို့လည်း မျှော်လင့်ပါတယ် ချစ်သူနဲ့ (၂၀၁၈) ဖေဖော်ဝါရီလမှာ မင်္ဂလာပွဲ ကျင်းပတော့မှာဖြစ်ပါတယ်” ဆိုပြီး အသိပေးထားတာပါ။

ချစ်သူနဲ့ ဖေဖော်ဝါရီလမှာ လက်ထပ်တော့မယ့် Taeyang ရဲ့ မင်္ဂလာသတင်းဟာ ပရိသတ်တွေထင်မထားမိတဲ့ သတင်းဖြစ်တာမို့ သူ့ကိုအရမ်းချစ်တဲ့ ပရိသတ်တွေကတော့ နှမြောတသဖြစ်သလို ခံစားရမှာပါ။

Taeyang ရဲ့ ချစ်သူဟာ အားလုံးသိပြီးသားဖြစ်တဲ့ မင်းသမီးချောလေး Hyorin ဖြစ်ပြီး သူမဟာ ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲများစွာမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

Big Bang ဟာ Kpop လောကမှာ အောင်မြင်မှုအဒွန့်ရှည်ဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်သလို ကမ္ဘာတစ်လွှားမှာလည်း သူတို့ရဲ့ သီချင်းတွေက နာမည်ကျော်ကြားလူကြိုက်များလျက်ရှိပါတယ်။

နှစ်ယောက်လုံးက လိုက်ဖက်ညီတယ်မဟုတ်လား ပရိသတ်ကြီးရေ။

ပရိသတ်ကြီးရော Taeyang ရဲ့ မင်္ဂသတင်းကြားပြီး ဘယ်လိုခံစားရလဲ။  

Source : Taeyang Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။