မော်ဒယ် ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံ International Height မှီတဲ့ မော်ဒယ်တွေထဲက တစ်ယောက်အပါအဝင်ပါ ။

ချောမောရုံတင်မကဘဲ Fan တွေကိုလည်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တာမို့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ယောက်ဖြစ်လာပါတယ် ။

အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတဲ့ ပိုင်တံခွန်က ခုလည်း Photo ရိုက်ကွင်းတစ်ခုက ပုံလေးတွေကို 

" ကျနော်ချစ်ရတဲ့ ကျနော့်ညီမနဲ့ " ဆိုပြီး

ပရိတ်သတ်ဆီမျှဝေပေးလိုက်ပြန်ပါတယ် ။

အလှမယ်လေး အိန်ဂျယ်လမုန်နဲ့အတူ Iris Beauty Lotion Billboard Commercial ရိုက်ကူးနေကြတာပါ ။ 

ခင်မင်ရင်းနှီးသူတွေမို့ ပုံလေးတွေကလည်း သဘာဝကျကျလှပနေတာကိုတွေ့ကြရမှာပါ ။ သဘာဝကျကျ ပီပြင်လွန်းလို့ စိတ်ကောက်သွားကြတဲ့ အချို ့ Fan တွေကိုလည်း ပိုင်တံခွန်က

" အလုပ်ထဲမှာလေကွာ ဘာလို့ စိတ်တွေကြီးဆိုးနေကြတာလည်း " လို့ချော့ထားပါသေးတယ် ။

ဘယ်လိုပဲပြောပြော သရုပ်ဆောင်ပီပြင်ဖို့က အဓိကဆိုတော့လဲ ... ဒီပုံလေးတွေက တကယ်ကောင်းမွန်တဲ့ ကြော်ငြာပုံလေးတွေဆိုတာကိုတော့ လက်ခံရမှာပါပဲနော် ... 

ဘယ်လိုပဲပြောပြော သရုပ်ဆောင်ပီပြင်ဖို့က အဓိကဆိုတော့လဲ ... ဒီပုံလေးတွေက တကယ်ကောင်းမွန်တဲ့ ကြော်ငြာပုံလေးတွေဆိုတာကိုတော့ လက်ခံရမှာပါပဲနော် ...  

သတင်းအရင်းမြစ် Paing Ta Khon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။