ကိုရီးယားရဲတွေက SHINee အဖွဲ့က Jonghyun ဆုံးပါးသွားခဲ့တာကို အတည်ပြုပေးလိုက်ပါတယ် ။ Jonghyun ကို မေ့မြောလျက်အနေအထားနဲ့ သူ့ရဲ့ တိုက်ခန်းထဲမှာတွေ့ရှိခဲ့ရပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက်မမှီတော့ပါဘူး ။ အလောင်းကို စစ်ဆေးရာမှာတော့ အဆိပ်ကြောင့် သေဆုံးခဲ့တာလို့သိရပြီး SM ကလည်း Jonghyun သေကြောင်းကြံစည်ခဲ့တာလို့ အတည်ပြုပေးခဲ့ပါတယ် ။ Jonghyun မဆုံးပါးခင် အမဖြစ်သူဆီကို သေကြောင်းကြံစည်တော့မယ့် အရိပ်အယောင်ရှိတဲ့ စာပို့ခဲ့လို့ ချက်ချင်းရဲကိုအကြောင်းကြားပြီး ကယ်တင်ဖို့လုပ်ခဲ့ပေမယ့် မမှီတော့ဘဲ ဆုံးပါးသွားခဲ့ရတာပါ ။ စာထဲမှာတော့

“It’s been really hard for me until now. Please let me go, and tell me I’ve worked hard, last good bye.”

ခုချိန်ထိ အရမ်းကို ခက်ခဲခဲ့ပြီးပါပြီ ။ ကျွန်တော့ကို သွားခွင့်ပြုပါတော့ ။ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပြီးပြီဆိုတာကိုလည်း အသိအမှတ်ပြုပါ ။ နောက်ဆုံးအနေနဲ့နှုတ်ဆက်ပါတယ် ။ လို့ သူကရေးသားထားခဲ့ပါတယ် ။ 

ဖိအားတွေကို မခံနိုင်တော့တဲ့ အဆုံး ဒီလိုကြံစည်သွားတာဖြစ်မယ်လို့ အားလုံးက ယူဆကြပြီး

ပရိတ်သတ်တွေကလည်း အလွန်ကို နှမြောပြီး ၀မ်းနည်းနေကြပါတယ် ။ ကျောက်မီးသွေးကို အပူပေးပြီး ထွက်လာတဲ့ carbon monoxide အငွေ့ကိုရှုရှိုက်ကာ သေကြောင်းကြံစည်သွားခဲ့တာလို့ ကိုရီးယားသတင်းတွေကဆိုပါတယ် ။

Jonghyun အသက်ကို နှုတ်ယူသွားတဲ့ carbon monoxide အငွေ့အဆိပ်နဲ့ သေကြောင်းကြံမှုတွေဟာလည်း အာရှနိုင်ငံတွေမှာ အဖြစ်များလာကြတယ်လို့ သိရှိရပါတယ် ။  

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။