သံပုရာသီးဆိုရင် မသိသူမရှိဘူးပါနော် ၊သံပုရာသီးဟာ နေရာတိုင်းဒေသတိုင်းမှာရနိုင်ပါတယ်။ နေရာတိုင်းမှာ လညး်အသုံးဝင်နေပါတယ်။ သူမပါရင်ပွဲမစည်းဘူးပေါ့။သူ့အာနိသင်က ကျန်းမာရေးအတွက် အလွန်အကျိုးထူး လို့နေပြန်တယ်။အခုလည်း သံပုရာသီးရဲ့အလွန်တရားမှ ထူးခြားလှတဲ့ အကျိုးထူးအကြောင်းကို ပြောပြသွား မှာပါနော်။သံရာသီးကို ခမ်းစိမ်းစိမ်းလေးနဲ့ လတ်လတ်ဆက်ဆက်ဖြစ်ဖို့ုလိုပါတယ်။ပြီးတော့ သံပုရာသီးကို လေးစိပ်စိပ်ထားပါ။ ကြွေပန်းကန်ထဲထည့်ပါ၊ (ကြွေပန်းကန်လုံးကိုသာအသုံးပြုရမှာနော်) ရေနွေးဖြူကို အပေါ်ကနေလောင်းချပေးပါ။ တစ်ခွက်သောက်လောက် ရေနွေးပြန်ထည့်လိုက်၊ သံပုရာသီးခန့်နွမ်းနွမ်း ဖြစ်သွားတဲ့အထိ ရေနွေးထည့်ပြီး သောက်ပေးပါနော်။နံနက်စားစားပြီးတိုင်း သောက်ပေးဖို့လိုပါတယ်။ 

ဘာမှမခက်ပါဘူးနော်။ အထက်ကပြောခဲ့တဲ့ပုံစံအတိုင်းပဲ တစ်နှစ်လောက်သောက်ကြည့်လိုက်ပါလား ၊လုံးဝထင်မှတ်မထားတဲ့ ကောင်းကျိုးတွေ ရလာမှာဆိုတာ ပြောရဲပါတယ်။ ကဲ --ဘာတွေကောင်းကျိုးတွေရလဲ ဆိုရင်တော့ အံသြစရာကောင်းလောက်အောင် ခန္ဒာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ပျယ်ပျောက်စေပါတယ်တဲ့။သိကြတဲ့ အတိုင်းပါပဲ ခုခေတ်မှာ ဆိုးဆေးတွေကများ သဘာဝအတိုင်းရင့်မှည်းတဲ့ အသီးတွေဆိုရင်လည်းရှားပါတဲ့ အနေအထားရောက်နေပါပြီး။ ရေဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။ အစာတွေကိုကျေညက်စေပါတယ်။ အရေပြားသန့်စင်စေပါတယ် (အရေပြားတင်းတင်းရင်းရင်းမရှိတာ၊ ဝက်ခြံထွက်တာတွေကိုလည်း သက်သာစေပါတယ်။ပြီးတော့ အထူးသတင်းကတော့ ပျိုမေတို့မျက်နှာကြည်လင် ဝင်ပနေစေဖို့ သံပုရာသီးကို ခြမ်းပြီးမျက်နှာတစ်ပြင်လုံးကိုဖွဖွလေးပွတ်ပေးပါ။ပြီးမှ မျက်နှာသစ်ပေးပါနော်။ ကို်ယ်ခံအားစနစ်ကိုလည်း တိုးတက်စေပါတယ် (ဗီတာမင်စီဓာတ်တွေ ပါဝင်တာကြောင့် အအေးမိခြင်း၊ ပန်းနာရင်ကျပ် အသက်ရှုခြင်း ဆိုင်ရာဝေဒနာ၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ကို် အလွယ်ပျောက်ကင်းပါတယ်၊ သွေးတိုးရောဂါ၊ ကင်ဆာ၊ ကိုယ်အလေးချိန်၊တွေကို ထိန်းညှိးပေးပါတယ်။

ရင်ပူခြင်းတွေကို်သက်သာစေပါတယ်။ အမာရွတ်၊အမည်းကွက်များကိုလည်း သက်သာစေပါတယ်။ ဝမ်းဗိုက်အဆီချသူများ ဒီလိုသံပုရာသီးရေနွေးစိမ်ကို သောက်ပေးခြင်း အားဖြင့်သိသိသာသာကို အဆီတွေ ကျသွားပါလိမ့်မယ်။ သံပုရာသီးရေနွေးစိမ်ကို အသောက်သင့်သူများကတော ့အစာအိမ်ဖြစ်နေတဲ့ သူတွေ သွေးပေါင်ကျ တတ်သူတွေ ဗိုက်အောင့်နာရှိသူများ မသောက်သင့်ပါဘူးနော်။ အဝါရောင်ဖြစ်နေတဲ့ သံပုရာသီးတွေကိုတော့ မသုံးမိပါစေနဲ့နော်။သံပုရာသီးရဲ့အစေ့ကိုဝါးစားပါကလည်း သွေးတိုးရောဂါကို သက်သာစေပါတယ်။သံပုရာသီး ကောင်းကျိုးတွေကတော့ ပြောလို့ကိုဆုံးမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်လှမ်းမိသလောက်လေး စာဖတ်ပရိတ်သတ်တွေနဲ့သင့်တော်မဲ့ သံပုရာသီးရေနွေးစိမ်ကို ဖော်ပြပေးလိုက် ပါတယ်။ကျန်းမာပျော်ရွင်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေ။

Source: ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။