ဆံကေသာတွေက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူးနော်။ ကြမ်းတမ်းတာတွေ နှုးညံံ့တာတွေ ကွေ့ကောက်တဲ့ ဆံပင်သားတွေ ဆံပင်သာပါးတာတွေ အများကြီးပါပဲ။ ဘယ်လိုဆံပင်သားပဲဖြစ်ဖြစ် ကိုယ်ဆံပင်သားကို နှုးညံ့စေချင်တာ လူတိုင်းဖြစ်မယ်ထင်ပါတယ်။ခေတ်မှီတိုးတက်နေတဲ့ အချိန်မှာ အလှပရေးရာအတွက်လည်း အချိန်ပေးရတာမဟုတ်ပါလား။ လူတစ်ယောက်မှာ မျက်နှာကအရေးကြီး သလိုဆံပင်ဟာလည်း အရေးကြီးတဲ့အခန်း ကပါဝင်လို့နေပါတယ်။ဆံကေသာတွေ နူးညံ့ဖို့အတွက် ဒီနေရာကနေ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးမှာပါနော်။ 

ဆံကေသာလို့ဆိုလိုက်တာနဲ့ ခေါင်းလျှော်ရည်ကလည်း အဓိကပါဝင်နေပါတယ်။ ကိုယ့်ဆံပင်သားနဲ့ကိုက်ညီ မဲ့ခေါင်းလျှော်ရည်ကို ဝယ်သုံးဖို့ကို မမေ့ပါနဲ့။ဆံပင်ကောက်ထားရင်လည်း အကောက်သားနဲ့သင့်တော်မဲ့ ခေါင်းလျှော်ရည်ကို ရွေးဝယ်ပါ ။ဒါမှအကောက်သားတွေအတွက် ကြာရှည်ခံမှာကို။ ခေါင်းလျှော်ရင်လည်း ဆံကေသာဦးရေပြားအထိ လျှော်ပေးပါ။ဒါပေမဲ့ သင်ဟာ ပျော့ဆေး(Conditioner)တစ်ခုခုကို ခေါင်းလျှော် တိုင်းသုံးနေတယ်ဆိုရင် အဓိက ပျော့ဆေးကိုဦးရေပြားပေါ်မသုံးမိဖို့ လိုပါတယ်။ ခေါင်းလျှော် ရည်မှာပါဝင် တဲ့စာသားတွေ အထူးသဖြင့် 2 in 1 လိုခေါင်းလျှော်ရည်တွေ Conditioner ရောပြီးသားမို့ပါ။ (ကိုယ် ့ဆံ ပင်သားတွေအပေါ်မှာဘဲ ) မှုတည်ပြီးသုံးစေချင်ပါတယ်။ အသားပေးသုံးပေးပါနော်။ တစ်ယောက်နဲ့ တစ်ယောက်အဆီများ တဲ့ ဆံကေသာကိုပိုင်ဆိုင်ထားလို့ရှိရင် တစ်ပတ်(၃) ရက်လောက်လျှော်ပေးပါနော်။ ခြောက်သွေးဆံပင်သားတွေဆိုရင် တစ်ပတ်(၂) ရက်အနည်းဆုံးလျှော်ပေးပါ။နောက်တစ်ချက်ကတော့ ရေကူးတဲ့အခါမှာ ဆံပင်သားခြောက်သွေ့ပျက်စီးစေပါတယ်။ ရေကူးတဲ့အခါ ခေါင်းစွပ်ကလေးစွပ်ထား ပေးမှကာကွယ်ရာရောက်ပါတယ်။

အိမ်ရှင်မတွေ ဟင်းချက်ဆီငွေ့ခံရခြင်းကလည်း ဆံပင်သားပျက်စိး စေပါတယ်။ ဂျဲလ်လိမ်းတဲ့ အမျိုးသား တွေအနေနဲ့ ဖုန်တွေကပ်နေနိုင်တာမို့ ခေါင်းမှန်မှန်လျှော်ပေးပါနော်။ ခေါင်းလျှော်ပြီးရင် ရေမခြောက်ခင်လေး မှာဆီပါးပါးလေး လိမ်းသင့်ပါတယ်။ ကျန်းမာရေးမကောင်းခြင်းကလည်း ဆံပင်သားကို စိုစိုပြည်ပြည်ဖြစ်ဖို့ အားနည်းစေပါလိ်မ့်မယ်။ ဆံပင်သားကောင်းစေဖို့ အစားအဟာရ လည်းပြည့်ဝဖို့လိုပါတယ်။ ရေဓာတ်များ အောင်ရေများများသောက်ပေးပါနော်။ နေရောင်ကအသားရည် ရောဆံပင်ကိုပါ ပျက်စီးစေတာမို့ နေပြင်းပြင်းမှာ အပြင်ထွက်ရင် ထီး၊ဦးထုပ် ၊သုံးပေးပါ။ ကျွမ်းကျင်ဆရာတွေကတော့ ဆံကေသာတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ အကောင်းစားခေါင်းလျှော်ရည်တွေသုံးပေမဲ့ ထိရောက်မူ့ကနှေးကွေးခြင်းကို တွေ့ရပါတယ်တဲ့။ ဒါကြောင့် ကိုယ်ခံအားအတွက်ရော ဆံကေသာအတွက်ပါ အာဟာရပြည့်စုံတဲ့ အစားစာ များကို စားပေးကြဖို့ိုကိုတိုက်တွန်းထားပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာတွေ ပို်င်ဆိုင်နိုင်ကြပါစေ။

Source : ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။