နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်တစ်ယောက်ပရိတ်သတ် တွေကို စနောက်မိတာနဲ့ပက်သက်ပြီး ပြန်လည်ရှင်းပြထားတဲ့ Post တစ်ခုကို တင်လိုက်ပါ တယ်။ လက်ရှိမှာ သူမက ရုပ်ရှင်ကားတစ်ကားကို ရိုက်ကူးနေတာဖြစ်ပြီး ဒီဇာတ်ကား တစ်ကားလုံးမှာ သူမက ကိုယ်ဝန်ဆောင်သည်တစ်ဦးအဖြစ် တကားလုံးပါဝင် သရုပ်ဆောင် ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူမရဲ့ဇာတ်ကားထဲက ကိုယ်ဝန်ဆောင်ပုံရိပ် တွေကို ရိုက်ကူးပြီး “ သားသားအဖော်ရတော့မယ် ” ဆိုပြီး နောက်ပြောင်ကျီစယ်ကာတင် လိုက်တာပဲဖြစ်ပါတယ်။

တစ်ချို့သိတဲ့ပရိတ်သတ်တွေကလည်း သိကြသလို မသိတဲ့ပရိတ်သတ်တွေကတည်း အံ့သြ ဝမ်းသာဖြစ်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး သူမက သူမရဲ့ Facebook မှာ ကျမရုပ်ရှင် ရိုက်နေတာပါရှင့် တကယ်ကိုယ်ဝန်ရှိတာမဟုတ်ပါဘူး ဆိုပြီး သူမရဲ့ဇာတ်ဝင်ခန်းတွင်းက ပုံရိပ်တွေကိုတင်ထားပါ တယ်။ သူမဟာ အဆိုမှာရော သရုပ်ဆောင်မှာပါ ကျွမ်းကျင် ပိုင် နိုင်ပြီး အောင်မြင်တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ အကယ်ဒမီဆုကိုလည်း ရရှိပိုင်ဆိုင် ထားပြီး အသံချိုချိုအေးအေးလေးနဲ့လည်း ပရိတ်သတ်ကိုဆွဲဆောင်နိုင်သူဖြစ်ပါတယ်။ ဂီတ ရော သရုပ်ဆောင်ပါ နှစ်ဖက်လုံးကျွမ်းကျင်တဲ့ ပါရမီရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သူမရဲ့ဇာတ်ဝင်ခန်းအတွင်းက ချစ်စဖွယ်ကိုယ်ဝန်ဆောင်သည်ပုံရိပ်လေးတွေကို ပရိတ်သတ် ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။ အဆိုရော သရုပ်ဆောင်ပါ ပိုင်နိုင်ထူးချွန်တဲ့ မခိုင် ရဲ့ပုံရိပ်တွေကို ပရိတ်သတ်ကြီးကြည့်ရှုနိုင်စေဖို့ရည်ရွယ်ပါတယ်။ ဒီဇာတ်ကားလေးထွက်လာ ခဲ့ရင်လည်း ပရိတ်သတ်ကြီး အားပေးဖို့မမေ့နဲ့ဦးနော်။

Photo – Mi Mi Khing’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။