နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ အေးမြတ်သူတစ်ယောက် ချစ်သူကိုသတိရတဲ့ စာလွှာ အဆန်း လေးကိုတင်လိုက်ပါတယ်။ သူမရဲ့ချစ်စဖွယ်ပါးချိုင့်လေးကြောင့် ပရိတ်သတ်တွေက အချစ်ပိုနေတာ ဖြစ်ပြီး အားပေးမှုအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ ပွင့်လင်းသွက်လက် တဲ့သူမရဲ့ပုံစံလေးက တကယ့်ကို ကလေးငယ်တစ်ယောက်လိုချစ်စဖွယ်ပါပဲ။ သူမဟာ အောင် မြင်တဲ့အနုပညာရှင်တစ်ဦး အဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့တာ နှစ်တွေကြာလာခဲ့ပြီပဲဖြစ်ပါတယ်။ သူမ ပါဝင်ရိုက်ကူးထားတဲ့ “ ထီးကလေးမလုံ့တလုံ ” ဇာတ်ကားဟာလည်း ပရိတ်သတ်တွေအတော်များများ သဘောကျခဲ့တဲ့ဇာတ်ကားလေးတစ် ကားပါပဲ။

အေးမြတ်သူက သူမ Gym ဆော့နေတဲ့ပုံရိပ်လေးတွေကို “ ချစ်သူကိုလွမ်းတိုင်း Gym ပြေးဆော့ရင် သိပ်မကြာခင် ကျွန်မအရမ်းလှတဲ့မိန်းမပျိုဖြစ်တော့မယ်ချစ်သူ missumylove ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ အမိုက်စားပုံရိပ်တွေက ပရိတ်သတ်တွေကို ထပ်မံဆွဲဆောင် လိုက်ပါတယ်။ ချစ်စရာ ကောင်းပြီး ပွင့်လင့်တဲ့ သူမရဲ့စရိုက်လေးကြောင့် ပရိတ်သတ်တွေက ပိုမိုအချစ်တိုးနေသူလေးပါ။ မြို့မှာဇာတ်ကားရိုက်တာထက် နယ်မှာရိုက်ရတာ ပိုကြိုက်တယ် လို့ သူမကဆနိုပါတယ်။ နောက်ထပ် ရိုက်ကူးမယ့် “ မနေ့ကဖြစ်သည် ” ဇာတ်လမ်းတွအပိုင်း (၂) မှာလည်း သူမက ထပ်မံပါဝင်သရုပ် ဆောင်မှာပဲဖြစ်ပါတယ်။ ဒါဟာလည်း ပရိတ်သတ် တွေအားပေးမှုကြောင့်ပါဆိုပြီး ပရိတ်သတ်ကို သူမက ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

ချစ်ရသူကိုလွမ်းလို့ဆိုပြီး Gym ဆော့နေတဲ့ ချစ်စဖွယ်မင်းသမီးလေး အေးမြတ်သူရဲ့ ပုံရိပ်လေး တွေက ချစ်စရာကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပြီနော်။ မကြာခင်အရမ်းလှတဲ့ မိန်းမပျိုလေးဖြစ် တော့မှာဆိုတော့ အခုကတည်းက ကြိုတင်ဝန်းရံထားဖို့ အကြံပေးလိုက်ပါရစေ။

Photo – Myat Lay ML’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။