SHINee အဖွဲ့ရဲ့ Vocalist Jonghyun ရဲ့ ပရိတ်သတ်တွေ အတွက်တော့ ဒီနေ့က အဝမ်းနည်းရဆုံးနေ့ဖြစ်မှာပါ ။

ဒီနေ့မှာပဲ အသက်၂၇ နှစ်အရွယ် အဆိုတော်လေးကတော့ မထင်မှတ်ထားစွာ ဆုံးပါးသွားခဲ့ပါတယ် ။

သေကြောင်းမကြံခင် အမဆီပေးပို့ခဲ့တဲ့စာထဲမှာတော့ အတော်ကို မွန်းကျပ်နေတဲ့ အရိပ်အယောင်တွေ တွေ့ရပြီး သေကြောင်းကြံခဲ့တဲ့ အကြောင်းရင်းကို မှန်းဆရာမှာတော့ ဆိုးဆိုးရွားရွားဝေဖန်မှုတွေ ခံခဲ့ရတာကြောင့်ဖြစ်နိုင်ချေတွေတွေ့ရှိခဲ့ရပါတယ် ။ 

2013 ခုနှစ်ကစပြီး Jonghyun ဟာ ကိုရီးယားရဲ့ အစွန်းရောက်ရှေးရိုးစွဲဝါဒီ အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ILBE ရဲ့ ပြင်းပြင်းထန်ထန် သရော်မှုတွေ ဝေဖန်မှုတွေကို ဆက်တိုက်ခံခဲ့ရပါတယ် ။ အကြောင်းကတော့ သူက LGBT community ကို ထောက်ခံအားပေးခဲ့လို့ပါ ။ Jonghyun က LGBT community တဲ့ပုံလေးကို သူ့ရဲ့ Twitter မှာ Profile Change ခဲ့ဖူးပါတယ် ။ ဒီပို့စ်လေးကိုတွေ့တဲ့ ILBE အတွက် Jonghyun က ပစ်မှတ်ထားရမယ့် သားကောင်တစ်ယောက်ဖြစ်လာခဲ့တာပါ ။ SHINee Band ဟာ အောင်မြင်ပြီးသား Group တစ်ခုဖြစ်တာမို့ လူသိများထင်ရှားလှတဲ့အတွက် Jonghyun တစ်ယောက် Cyber Bully ကို ပိုမို ပြင်းထန်စွာခံခဲ့ရတာပါ ။ 

ဒီလို ဖိအားတွေကြားက ရုန်းကန်ရင်းနဲ့ လွတ်မြောက်ရာလမ်းကို ရှာသွားခဲ့ပါပြီ ။ သူ့ပရိတ်သတ်တွေ အတွက်ကတော့ ကြေကွဲဝမ်းနည်းမှုများစွာနဲ့ပေါ့ ။ အချို ့တွေကတော့ ၀မ်းနည်းတဲ့ကြားက သူတို့ချစ်ရတဲ့ Idol တစ်ယောက် ဖိအားတွေကနေ လွတ်မြောက်သွားခဲ့ပြီလို့လည်း ဖြေသိမ့်နေခဲ့ကြပါတယ် ။ SM entertainment အနေနဲ့လည်း Jonghyun ရဲ့ အသုဘအခမ်းအနားကို ဆိတ်ငြိမ်အေးချမ်းစွာနဲ့ ကျင်းပမယ်လို့ သတင်းထုတ်ပြန်လာပါတယ် ။ Keyboard ပေါ်က လက်ကလေးတွေဆီက ပေါ့ပေါ့ပါးပါး ထွက်လာတဲ့ အကျိုးမရှိတဲ့ ဝေဖန်မှုတွေကနေ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်ရုံသာမက အသက်ကိုပါ နှုတ်ယူသွားခဲ့ပါပြီ ။ Jonghyun တစ်ယောက် တမလွန်မှာ ငြိမ်းချမ်းနိုင်ပါစေလို့ပဲ ဆုတောင်းပေးရပါတော့မယ် ...  

သတင်းအရင်းမြစ် : mirror.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။