ချစ်စဖွယ်အဆိုတော်သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ နန်းစုရတီစိုးတစ်ယောက် ဘားအံမြို့မှာ ကရင်နှစ်သစ်ကူးပွဲအတွက် ဖျော်ဖြေနေပါတယ်။ သူမနဲ့အတူ တခြားအနုပညာ ရှင်တွေကလည်း ဖျော် ဖြေနေပါတယ်။ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်နဲ့ ပြီးဆုံးသွား တဲ့ ပျော်ရွှင်စရာဖျော်ဖြေ ပွဲလေး တစ်ခုပါပဲ။ သူမဟာအောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ ရည်တည်နေတာ အချိန်အတော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ သူမရဲ့ချစ်သူအဆိုတော် G-Fatt ရဲ့ ချစ်စာ လွှာလေးဟာဆိုရင်လည်း ပရိတ်သတ်တွေကြား မှာ ရေပန်းစားတဲ့ စာလွှာလေးတစ်ခုပါပဲ။

နန်းစုရတီစိုးကိုချစ်တဲ့အကြောင်းစာစီထားတဲ့စကားလုံးတွေက တကယ်ကိုကြည်နူးစရာ ကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ သူမရဲ့ဖျော်ဖြေပွဲကဖက်ရှင်လေးကလည်း တကယ် ကိုချစ်စရာကောင်းလှ ပါတယ်။ ဖျော်ဖြေပွဲမှာ အနုပညာသံစဉ်မောင်နှများဖြစ်ကြတဲ့ ဖြိုး ပြည့်စုံ၊ အိမ့်ချစ်၊ ခင်စုစုနိုင်နဲ့ နန်းစု ရတီစိုးတို့က ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပျော်စရာကောင်းတဲ့ ကရင်တိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးလေး ဖြစ်ခဲ့ပါတယ်။ နန်းစုက ငွေရောင်အလက်စကဒ် ဒူးဖုံးလေးကို အဖြူရောင်ဟော်ဒီလက်ရှည်အင်္ကျ ီလေး နဲပ တွဲဖက်ဝတ်ဆင်ထားကာ အနက်ရောင်ရှုးဖိနပ်နဲ့ လိုက်ဖက်လွန်းနေပါတယ်။

သူမရဲ့အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ ဖျော် ဖြေပွဲမှာ ပရိတ်သတ်ကိုဘယ်လိုတွေအလန်းစားဖျော်ဖြေခဲ့တယ်ဆိုတာ သူမရဲ့ပုံတွေက သက်သေပါပဲ။ ကရင်နှစ်သစ်ကူးလေးမှာ ကရင်တိုင်းရင်းသားတို့အတွက် ပျော်စရာနှစ် ကူးလေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photo – Nan Su Yati Soe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။