Myanmar Idol အစီအစဉ်တင်ဆက်သူ ကိုကျော်ထက်အောင် ကို ပရိ်သတ်ကြီးသိမှာပါ။ ကျော်ထက်အောင်ကတော့ အစီအစဉ်တင်ဆက်သူ ဘဝမှာ လက်တလော အနုပညာ ဘဝသို့ လျှောက်လှမ်းနေသူ တစ်ဦးလည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား အပါအဝင် အခြား ဇာတ်လမ်းများ ၊ ကြော်ငြာများတွင်လည်းပါ၀င်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။

ကိုကျော်ထက်အောင် ဟာ မကြာမီပြန်လည်တင်ဆက်မည့် Myanmar Idol အစီအစဉ် (၃)အတွက်လည်း ပြန်လည် ပြင်ဆင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ ကိုကျော်ထက်အောင်၏ ကိုယ်ပိုင်အကောင့်တွင်လည်း သူ ရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်များကို အချိန်အမျှတင်ထားလေ့ရှိပါတယ်။ ယခုလည်း မတူညီတဲ့ ၀တ်စုံများနဲ့ ဓာတ်ပုံများကို လည်းတင်ထားတာ တွေ့ရပါတယ်။ ရုပ်ရှင်ဇာတ်ကား ၊ ကြော်ငြာများအတွက်ရိုက်ကူးခဲ့သော ဓာတ်ပုံများ ပင်ဖြစ်ပါတယ်။ 

အစီအစဉ်တင်ဆက်သူ ဘဝမှ အနုပညာလောကထဲ သို့ ကူးပြောင်းနေသော Myanmar Idol အစီအစဉ်တင်ဆက်သူ ကိုကျော်ထက်အောင်ကို မကြာမီ ပြသမယ့် ဇာတ်များတွင် တွေ့ရပါတော့မယ်။ ကိုကျော်ထက်အောင်ချစ် ပရိသတ်များအတွက် ဓာတ်ပုံ အချို့ နဲ့ အတူမျှဝေပေးလိုက်ပါတယ်။

Source - Kyaw Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။