အများစုကတော့ ဒီအခြေအနေကို ကိုယ်တိုင်ကြုံတွေ့ဖူးပြီး ဗိုက်ဆာတဲ့ အချိန်မှာ ဘယ်အရာကိုမှ သည်းမခံချင်လောက်အောင် စိတ်အနှောင့်အယှက် ဖြစ််ရပါတယ်။ ဘာလို့ လူတိုင်းမဖြစ်ဘဲ လူတချို့ပဲ ဖြစ်ရတာလဲ??? ဒီပြဿနာရဲ့ အဖြေက ခန္ဓာကိုယ်မှာ အစားအစာ လိုအပ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေပေါ် မူတည်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ဦးနှောက်တွင်းမှာ ရှိတဲ့သကြားဓာတ် ပမာဏအပေါ် မူတည်နေပြီး သွေးတွင်း သကြားဓာတ် ပမာဏက ပြန်လည် ထိန်းချုပ်ထားလို့ပဲ ဖြစ်ပါတယ်။ 

ကြမ်းတမ်းတဲ့ အမူအရာတွေ၊ ဒေါသစိတ်တွေကို သကြားဓာတ်ပမာဏက ကူညီထိန်းချုပ် ပေးပါတယ်။ ဒေါသထွက်စရာကိစ္စနဲ့ ကြံုလာတဲ့အခါ စိတ်ငြိမ်ငြိမ်ထားပြီး သည်းခံဖို့ စွမ်းအင်တွေလည်း အများကြီး အသုံးပြုရမှာဖြစ်ပါတယ်။ ဒီစွမ်းအင်တွေကို အစားအသောက်ကရတဲ့ သကြားဓာတ်က ပေးစွမ်းပါတယ်။ ဒီတော့ ခန္ဓာကိုယ်အတွင်းမှာ သကြားဓာတ်မြင့်မားစွာ ရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပိုများစေတာကြောင့် ဗိုက်ဆာတိုင်း အရမ်းကြီး စိတ်မတိုတော့ပါဘူး။ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် လုံလောက်စွာ မရှိဖူးဆိုရင် တခြားသော ဟော်မုန်းတွေ ထပ်တိုးလာမှာဖြစ်ပြီး adrenaline ဆိုတဲ့ ဓါတ်တစ်မျိုးကလည်း ခန္ဓာကိုယ်အနေနဲ့ အရေးပေါ်အန္တရာယ်တခုခု တွေ့ကြံုတဲ့ အချိန်မှာ အသုံးချရတဲ့ ဟော်မုန်းဖြစ်ပြီး ကြမ်းတမ်းတဲ့ အမူအရာတွေကို ဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် မျိုးဗီဇဆိုင်ရာ လွှမ်းမိုးမှုတွေလည်း ပါဝင်ပါသေးတယ်။ အလွယ်ပြောရမယ်ဆိုရင် ဗိုက်ဆာတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မျိုးဗီဇဆိုင်ရာ gene သဘာဝဓာတ်ပစ္စည်းတမျိုးကို ဦးနှောက်ထဲသို့ လွှတ်ထုတ်လိုက်ပြီး အငမ်းမရ အစာစားချင်စိတ်ကို ဖြစ်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေကလည်း ဗိုက်ဆာတဲ့အခါ စိတ်တိုဒေါသထွက်တဲ့ အနေအထားကို ဖြစ်စေပါတယ်။ အထက်ဖော်ပြပါ နောက်ခံအကြောင်းရင်းတွေက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်တာမို့ ဗိုက်ဆာတဲ့အခါ စိတ်ဆိုး ဒေါသပုံချင်းကလည်း ကွာခြားပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ သကြားဓာတ်နည်းလို့ ဗိုက်ဆာတိုင်း စိတ်ဆိုးနေတတ်ပြီ ဆိုရင်လည်း ဗိုက်ဆာ မခံဖို့နဲ့ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ သကြားဓာတ် ပမာဏ ရရှိဖို့အတွက် ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ် ရှင်။ ကျန်းမာချမ်းသာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

သတင်းအရင်းအမြစ် - Health Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။