ရုံးသွားခါနီး ကျောင်းသွားခါနီး အလှပြင်ဖို့ အချိန်ပေးရတာ ခက်ခဲနေပါသလား။ ဒီနည်းလမ်းလေးတွေနဲ့ သဘာဝကျကျအလှကို ပိုင်ဆိုင်နိုင်ပါတယ်။ 

-ကိုယ်သုံးမယ့် ပစ္စည်းတွေကို မှန်တင်ခုံပေါ်တစ်ခါတည်းစုံလင်အောင်တင်ထားပါ။လိုမှဟိုဟာထယူ ဒီဟာထယူဆိုရင်အလုပ်ရှုပ်ပြီး အချိန်ပိုကြာပါတယ်။

-မျက်နှာသစ်ပြီး moisturizerတစ်ခုခုလိမ်းပါ။

-အောက်ခံမိတ်ကပ်လိမ်းတဲ့အခါ နဖူး၊နှာခေါင်းနဲ့မေးစေ့နေရာတွေနဲ့ အမည်းစက်၊ဝက်ခြံတွေရှိတဲ့နေရာကို အဓိကထားပြီး လိမ်းပါ။

-Two Way ဒါမှမဟုတ် ပေါင်ဒါလိမ်းပြီး ပါးနီပန်းရောင်လေးခြယ်ပါ။

-မျက်ခုံးမွှေးကို ကိုယ့်ဆံပင်ရောင်နဲ့ လိုက်ဖက်နီးစပ်တဲ့အရောင်သုံးပါ။-မျက်တောင်ကော့ဆေးအနက်ရောင်သုံးပါ။

-နှုတ်ခမ်းနီဆိုးတဲ့အခါ သဘာဝဆန်ဆန်အရောင်လေးတွေရွေးသုံးပါ။

-ခေါင်းမလျှော်ဖြစ်တဲ့ရက်တွေမှာ ဆံပင်တွေ ကြည့်ရဆိုးနေတယ်ဆိုရင် ခပ်မြင့်မြင့် ပိုနီတေးလ်လေးစီးသွားလိုက်ပါ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။