ယနေ့ည ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ EFL Cup ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ နော်ဝှစ်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကိုတတ်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းကတော့ စပါးအသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ယူပြီး ယခုအဆင့်ကို တတ်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၂ ပွဲနိုင် ၂ပွဲရံှူး ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံးငါးပွဲမှာ အာဆင်နယ် ၂ ပွဲနိုင်၊ ဝက်စ်ဟမ်းအသင်းက ၁ ပွဲနိုင်၊ ၂ ပွဲ သရေကျထားခဲ့တာလည်းဖြစ်ပါတယ်။ထိပ်တိုက်တွေ့ဆုံမှုမှာအာဆင်နယ်အသင်းက အသာစီးရရှိနေခဲ့ပြီး ဝက်စ်ဟမ်းအသင်းနောက်ဆုံးအနိုင်ရခဲ့တဲ့ ၁ ပွဲဟာ ၂၀၁၅ ခုနှစ်ကပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဂျီရော့၊ ဝဲဘတ်၊ အိုဇေလ်း၊ ဘယ်လာရင်၊ အယ်နီနီ၊ ကိုကွယ်လင်၊ ကိုလာစီနက် တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လန်ဇီနီ၊ အမ်နူတိုဗစ်၊ ဟာနန်ဒက်၊ ဇာဘလက်တာ၊ မာဆုကာ တို့ကိုထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဒေးဗစ်မိုယက်ကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်းအသင်းကတော့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ ရုန်းကန်သွားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဆီမီးဖိုင်နယ်ကို ဘယ်အသင်းတတ်ရောက်သွားနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။