နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီစိုးပြည့်သဇင်တစ်ယောက် သူမရဲ့အမဖြစ် သူ စန္ဒီမြင့်လွင်လက်ဆောင်ပေးတဲ့ ဒေါက်ဖိနပ်လေးနဲ႔ အရမ်းချစ်စရာကောင်းနေပါတယ်။ ပြီးခဲ့တဲ့ရက်ကလဲ ရုပ်ရှင်ဇာတ်ဝင်ခန်းအတွက်ဆိုပြီး မြန်မာဝတ်စုံလေးတွေချုပ်ထားပြီး ဝတ် ဆင်တဲ့ ပုံလေး တွေကို Facebook မှာတင်ထားပါသေးတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ ခန္တာကိုယ် လုံးလုံးပြည့်ပြည့် လေးပေါ်မှာ ကျက်သရေရှိရှိနေရာယူနေတဲ့ မြန်မာဝတ်စုံ လေးနဲ့ သူမကအရမ်းကို လိုက်ဖက်နေပါတယ် ပရိတ်သတ်ကြီးရေ။ မြန်မာစာတတိယနှစ်ကို အနောက်ပိုင်းတက္ကသိုလ်မှာအဝေးသင်ပညာရေးကို တက်ရောက်နေတာဖြစ်ပြီး စာမေးပွဲ လည်းဖြေနိုင်တယ်လို့ဆိုပါတယ်။

ဒီနေ့မှာတော့ သူမက အမဝမ်းကွဲဖြစ်သူ အဆိုတော်စန္ဒီမြင့်လွင် လက်ဆောင်ပေးတဲ့ ချစ် စရာ ဒေါက်ဖိနပ်လေးနဲ့ပဲပေးနေတဲ့ပုံလေးတွေကို ရိုက်ထားတာဖြစ်ပါတယ်။ အမဖြစ်သူက ချစ်ခင် နှစ်သက်တဲ့အနေနဲ့ လက်ဆောင်ပေးတာကို သူမက တယုတယလေးဝတ်ပြတော့ ပေးတဲ့သူလည်း စိတ်ချမ်းသာရတာပေါ့။ ဖိနပ်လေးကလည်းချစ်စရာကောင်းသလို သူမက လည်းအရမ်းကို လှနေပါ တယ်။ သူမဟာ “ မိုးညအိပ်မက်မြူ ” ဇာတ်ကားနဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုကို ထိုက်ထိုက်တန်တန် ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာသီချင်းခွေ တစ်ခွေးလည်းထွက်ရှိတာပြီး ချိုမြမြသူမအသံလေး ကြောင့် ပရိတ်သတ်တွေကလည်း နှစ် ခြိုက်အားပေးခဲ့ကြပါတယ်။

“ ရင်ဘတ်ထဲကဓား ” ရုပ်ရှင်ကားကြီးရဲ့ ဇာတ်ဝင်တေးအဖြစ် သူမရဲ့သီချင်းတစ်ပုဒ်ကို အသုံး ပြု ထားတာကြောင့် သူမရဲ့ပရိတ်သတ်တွေက စိုးပြည့်သဇင်ကို ဇာတ်ဝင်တေးဆု ရစေချင်နေ ကြပါတယ်။ အဝတ်အစားကို လျှပ်ပေါ်လောလီမဝတ်တတ်ပဲ အမြဲတမ်းချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ လုံလုံခြုံခြုံဝတ်တာမို့ သူမကိုချစ်ခင်သူပရိတ်သတ်တွေက ပိုလို့တိုးလာပါတော့ တယ်။ အမဖြစ်သူဒီဒီးပေးတဲ့ ဖိနပ်လေးနဲ့ ဘယ်လိုတွေချစ်စရာကောင်းနေလည်းဆိုတာ ပရိတ်သတ်ကြီးအတွက် ပုံနှင့်တကွ တင်ဆက်ပေးလိုက်ပြီနော်။

Photo – Soe Pyae Thazin’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။