ပိန္နဲသီးဆိုရင် မကြိုက်တဲ့သူကရှားပါတယ်နော်။ အဲဒီပိန္နဲသီးထဲမှာ ရှားပါးတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတယ်ဆိုတာကို သင်သိပါသလား။ ဒီလိုပဲကြိုက်လို့စားတာဆိုရင် သင်စားနေတဲ့ ပိန္နဲသီးက ဘယ်လောက်ထိအကျိုးရှိတယ် ဆိုတာဖော်ပြပေးမှာပါနော်။ ပိန္နဲသီးကိုတစ်ချို့က ဟင်းတစ်ခွက်အနေနဲ့ စားကြသလို အချိုပွဲအနေနဲ့လည်း သုံးဆောင်ကြပါတယ်။ပိန္နဲသီးဟာ ရာသီပေါ်သစ်သီးဖြစ်ပြီး မိုးရာသီးမှာ တော့ပေါပေါများများစားရလည်း ရှိပါတယ်။ ချိုတဲ့အရသာရှိပြီး လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ပိန္နဲသီးထဲမှာ ပါဝင်တဲ့ ပိုတက်စီယာမ် ဓာတ်ကြောင့် သွေးဖိအားကို ကောင်းမွန်စေရုံသာမက သွေးအား အတက်အကျကို လည်းကောင်းကောင်းထိန်းပေးထားနိုင်ပါတယ်။

ပိန္နဲသီးရဲ့အမြစ်မှ ထွက်တဲ့အဆီဟာ ဝမ်းပျက်ဝမ်းလျှောရောဂါကို သက်သာစေနိုင်ပါတယ်။ ဒါအပြင်ပန်းနာ ရင်ကျပ်ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ကင်ဆာဆာလ်ကိုလည်း တိုက်ထုတ်နိုင်ပါတယ်။ ပိန္နဲသီးဟာ အရပြားရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ပိန္နဲသီးကိုစားခြင်းအားဖြင့် ပြညတည်နာ၊ အစာမကျေရင်ပြည့်ရင်ကေ၊နှင့် အရွယ်မတိုင်ခင် အိုမင်းခြင်း ကိုလည်းကာကွယ်ပေးပါတယ်။ ကိုယ်ထဲမှာ ရှိတဲ့ဆဲလ်သေတွေကိုဖယ်ရှားစေပြီး ဆဲလ်အသစ်များ ပေါက်ပွားစေကာ အသားအရေနုပျိုခြင်း၊ အရိုးတွေသန်မာစေခြင်း၊ အသားဓါတ်၊ကစီဓါတ်၊သတ္တူဓာတ် တွေကို များစွာရရှိစေပါတယ်။ ပိန္နဲသီးမှာပါတဲ့ ဗီတာမင်ဟာလည်း မျက်လုံးအတွက်များစွာ အထောက်အကူ ပြုစေပါတယ်။ပိနွဲ့သီးကို မှန်မှန်စားပေးပါက ဝမ်းချုပ်ခြင်းဝေဒနာကို ပျောက်ကင်းစေနိုင်ပါတယ်။

ပိန္နဲသီးကိုစားခြင်းဖြင့် စိတ်ဖိစီးမှုကိုလျော့ပါးစေခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ကစဉ်ကလျာဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အဝလွန်တဲ့သူတွေအနေနဲ့ ပိန္နဲသီးစားပေးပါ ကိုယ်အလေးချိန်ကို ကောင်းကောင်း ထိန်းထားပေးနိုင်ပါတယ်။ ပိန္နဲသီးကိုကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေ ဆီးချိုရောဂါရှိသူတွေ၊ အစာအိမ်ရောဂါဖြစ်နေတဲ့သူတွေအနေနဲ့ အလွန်အကျွံမစားရပါဘူးနော်။ အလွန်စားမီပါက အစာအိမ်သွေး ကြောပေါက်ခြင်း တွေဖြစ်စေပါတယ်။ အထူးသတိထားရမှာကတော့ အမျိုးသမီးတွေ ရာသီပေါ်တဲ့အချိန် မှာရှောင်ကြည်သင့်ပါတယ်။ ဘယ်အရာမဆို အလွန်ဆိုရင်တော့မကြောင်းပါဘူး စားသင့်တဲ့အနေထား လောက်ကိုစားရင် အစားလည်းဆေး ဆေးလည်းအစာ ဆိုသလိုကောင်းကျိုးလေးတွေရလာမှာပါနော်။ မိတ်ဆွေများလည်း ကျန်းမာပျော်ရွင်တဲ့ ဘဝတစ်ခုကို ပို်င်ဆိုင်နိုင်ကြပါစေ။

Source : ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။