လူမှုကွန်ယက်တွေမှာ အရမ်းကိုဟော့ဖြစ်နေတဲ့ တရုတ်နိုင်ငံသား ဝူယောင်နင်(WuYongning) ဟာ အထပ်မြင့် တိုက်တွေရဲ့ အပေါ်မှာ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ရင်း နာမည်ကြီးလာ သူတစ်ယောက် ပဲဖြစ်ပါတယ်။ ဝူယောင်နင်ရဲ့သဲထိတ်ရင်ဖို စွန့်စားခန်း Livestream ဗီဒီယိုပေါင်း (၅၀၀)ကျော် မျှဝေခဲ့ပြီး ဗွီဒီယို တွေမှတစ်ဆင့် ဝင်ငွေ ပေါင် (၆၂၀၀၀)နဲ့ ညီမျှတဲ့ တရုတ်ငွေကြေးတွေ ရှာဖွေနိုင်ခဲ့ တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ (၈)ရက်နေ့မှာတော့ Changsha မြို့က (၆၂)ထပ်အမြင်ရှိတဲ့ မိုးမျှော်အဆောက်ဦ ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပြီး၊ သူ့ရဲ့နောက်ဆုံး စွန့်စားခန်း ပြကွက်ဟာ မအောင်မမြင် အဆုံးသတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 

အဆိုပါ စွန့်စားသူ ဝူယောင်နင်ရဲ့ သေဆုံးမှုသတင်းနဲ့အတူ ပရိသတ်တွေရဲ့ဝေဖန်သံတွေလည်း များစွာထွက်လာခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့ ၎င်းပြုတ်ကျသေဆုံးခြင်းရဲ့ နောက်ကွယ်မှာ အင်မတန်စိတ်မကောင်း ဖြစ်ဖွယ် အကြောင်းအရာ များစွာရှိနေခဲ့ တယ်လို့သိရပါတယ်။ ၎င်းဟာ ဒီလို စွန့်စားမှု တွေကနေ ပေါင် (၆၂၀၀၀)အထိ ရှာဖွေနိုင်ခဲ့ပြီး၊ သူရှာဖွေနေတဲ့ ပိုက်ဆံတွေဟာ နာမကျန်းဖြစ်နေတဲ့ သူရဲ့ မိခင်အတွက် ပဲဖြစ်ပါတယ်။ထို့အပြင် သူ့ရဲ့နောက်ဆုံး စွန့်စားမှုပြီးစီးခဲ့ရင် ချစ်သူကို လက်ထပ်ခွင့် တောင်းခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပြကွက်မှာ သူရရှိမယ့် စပွန်ဆာငွေပမာဏဟာ အလွန်များပြားပြီး သူ့ချစ်သူကိုလည်း လူလူသူသူ လက်ထပ်ဖို့အတွက် ကြိုစားခဲ့တာဖြစ်တယ်လို့ သူရဲ့ ဦးလေးဖြစ်သူ South China Morning Post ကပြောခဲ့ပါတယ်။

” ဒီအစီအစဉ်ပြီးသွားရင် သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းခံဖို့ စီစဉ်ထားတာပါ … ပြီးတော့ သူ့အမေကလည်း ကျန်းမာရေးမကောင်းလို့ သူ ငွေလိုနေပါတယ် … “လို့ ပြောပါတယ်။ သူရဲ့ လုပ်ရပ်ဟာ အများအတွက်တော့ အပြစ်တင်ဝေဖန်စရာ ဖြစ်ခဲ့ပေမယ့်လည်း၊ဘယ်သူမဆို ကိုယ်ကျွမ်းကျင်တယ်လို့ ထင်တဲ့အရာတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုကြသည်မှာ မဆန်းကျယ်ကြောင်း၊ အပြစ်လည်း ကင်းစင်ကြောင်း ဦးလေးဖြစ်သူက ဆိုပါတယ်။ ဝူယောင်နင်ဟာ သူရဲ့အသက်မွေးဝမ်းကြောင်း အတ္တတစ်ခုတည်း အတွက်သာ ဒီလိုစွန့်စားမှုတွေ ပြုလုပ်နေတာ မဟုတ်ဘဲ မိသားစုရှေ့ရေးအတွက် ဦးစားပေး ကြိုးစားနေတာပဲဖြစ်ပါတယ်။ဝူယောင်နင် ရဲ့မိသားစုအတွက်ကတော့ တကယ်ကို အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးဖြစ်ပြီး ၎င်းရဲ့မိသားစု နဲ့ ထပ်တူ တကယ်ကို စိတ်မကောင်း ဖြစ်ရပါတယ်။  

Credit - Achit Lwin Pyin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။