ရန်ကုန်မြို့တွင် ကွန်ဒိုတိုက်ခန်းပေါင်းများစွာရှိပါတယ်။ ဒါ့အပြင် ဆက်လက်၍လည်း နောက်ထပ် ကွန်ဒိုများထပ်မံဆောက်လုပ်ဖို့ရှိပါတယ်။ ကွန်ဒိုတိုက်များကို ဆောက်လုပ်ရာတွင် ပြည်တွင်းမှလုပ်ငန်းရှင်များ ရှိသလို ပြည်ပမှ လုပ်ငန်းရှင်များလည်း ရှိပါတယ်။ ယခုအခါတွင် စုပေါင်းပိုင် အဆောက်အအုံ(ကွန်ဒို)ဥပဒေပြဋ္ဌာန်းပြီး ၂ နှစ်ခန့်အကြာ ၂၀၁၇ ဒီဇင်ဘာ ၁၄ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကွန်ဒိုနည်းဥပဒေကို အတည်ပြုလိုက်ကြောင်း သိရှိရပါတယ်။

အဆိုပါ ဥပဒေတွင် ၂၀၁၅ ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စု ပေါင်းအဆောက်အအုံဥပဒေ (ကွန်ဒိုဥပဒေ)အပေါ် အပိုဒ်လိုက် ဆွေးနွေးကာ ဥပဒေတစ်ခုလုံးကို အတည်ပြုလိုက်ပြီး ပြည်တွင်းရှိ ကွန်ဒိုအဆောက်အအုံတစ်ခု၏ အခန်းများအနက် ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများအား ရောင်းချခွင့်ရှိသည်ဟူသော အချက်အပါ အဝင် အတည်ပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံသားများ မြေယာပိုင်ဆိုင်ရောင်းဝယ်ခွင့်၊ တည်ဆောက်သူက ၂၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်၊ နိုင်ငံခြားသားများ ၄၀ ရာခိုင်နှုန်းအထိ ဝယ်ယူ၊ အမွေဆက်ခံ၊ ရောင်းချပိုင်ခွင့်ပြုထား သည့် ကွန်ဒိုနည်းဥပဒေကို ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး နိုင်ငံတော်အဆင့် အတည်ပြုနိုင်ရန် တင်ပြ ထားကြောင်း သိရှိရပါတယ်။ ကွန်ဒိုနည်းဥပဒေအတည် ပြုခြင်းနှင့်ပတ်သက်၍ ဆောက် လုပ်ရေးလုပ်ငန်းရှင်များ၊ ပညာ ရှင်များနှင့်ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူများ ဒီဇင် ဘာ ၁၁ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

ကွန်ဒိုနည်းဥပဒေပြဋ္ဌာန်းပြီး နောက် တိုက်ခန်း၊ အိမ်ရာအ ဆောက်အအုံဆိုင်ရာ ဥပဒေနှင့် Apartment Law တို့ကို ဆက်လက််ပြဋ္ဌာန်းရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီစဉ်နေသည်ဟု သိရှိရပါတယ်။ ကွန်ဒိုနည်းဥပဒေပြဋ္ဌာန်းနိုင် ခြင်းသည် အရောင်းအဝယ်အေး နေသည့် ကွန်ဒို တိုက်ခန်းစျေး ကွက်အတွက် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်ကြောင်း အိမ်ခြံ မြေအကျိုးဆောင်အချို့က ပြောကြားခဲ့ပါတယ်။ ထိုကိစ္စနှင့်ပတ်သတ်၍ နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပေးထားသည့် ကွန်ဒို ဥပဒေအတွက် အသေးစိတ်အ ချက်အလက်များပါဝင်သည့် နည်း ဥပဒေပြဋ္ဌာန်းနိုင်ခြင်းက ဆောက် လုပ်ရေး လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ် ကြောင်း မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေး မှူး ဦးလားဇာက ပြောကြားခဲ့ပါတယ်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။