ဖွေးစိန်လေးလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ပြည်သူ့ အချစ်တော် မင်းသမီးချောလေး ဖွေးဖွေးကတော့ ကရင်နှစ်ကူးမှာ ကရင်သီချင်းလေး သီဆိုခဲ့ပါတယ်..။

ပရိသတ် အချစ်တော် ဖွေးစိန်လေးကတော့ ကရင်နှစ်သစ်ကူးမှာ ကရင်သီချင်းလေးနဲ့ ကရင်နှစ်သစ်ကို ကြိုဆိုလိုက်တာ ဖြစ်ပါတယ်..။

ကရင်သီချင်းစာသားလေးဖြစ်တဲ့ ဒုံးရိမ်းသီချင်းလေးနဲ့အတူ သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ သီဆိုရေးသားထားတာ ဖြစ်ပါတယ်..။

“ဒုံးရိမ်းတွေ ရင်ထဲရောက်လာတယ်.. .နှလုံးသားလေး ဒုံးရိမ်းကနေတယ်.. ရိုးသားတဲ့ ကရင် မလေးရယ်

မေ့ပျောက်လို့မရတော့ဘူးထင်တယ်.. Happy ကရင် နှစ်သစ်ကူး... ဝေး...” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ ဖွေးစိန်လေးကတော့ ပရိသတ်တွေကို ချစ်သထက် အချစ်ပိုအောင် လုပ်နေတော့တာပါပဲ..

မင်းသမီးချောလေး ဖွေးစိန်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မြတ်နိုးမှုတွေကို အများဆုံးရရှိထားပြီး ယောင်္ကျားလေး ပရိသတ်တွေအပြင် မိန်းကလေး ပရိသတ်တွေကိုပါ အများဆုံး ရရှိထားတာ ဖြစ်ပါတယ်..။

မင်းသမီ်းချောလေး ဖွေးစိန်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတစ်ဦး ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုတွေကိုလည်း သိမ်းပိုက်ထားသူလေးလည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသလို ဓာတ်ပုံ မဂ္ဂဇင်းကြော်ငြာများလည်း ရိုက်ကူးနေပြီး အခမ်းအနားပွဲတော်တော်များများလည်း တတ်ရောက်နေတယ်လို့ သိရပါတယ်..။

လတ်တလော ရုံတင်ပြသနေတဲ့ “3Girl” ရုပ်ရှင်ဇာတ်ကားမှာလည်း ပထမဆုံး အကြိမ်အဖြစ် ဗီလိန် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး စိတ်ပုတ် စိတ်ယုတ်မာရတာ မုန်းတဲ့ သူမကို “3Girl” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ စိတ်ပုတ်တဲ့ ကောင်မလေးတစ်ယောက်အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်..။

သူမရဲ့ ကျွမ်းကျင်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်အမှုအရာတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်သလို အောင်မြင်မှုတွေနဲ့အတူ အကယ်ဒမီ ထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

Source - ဖွေးဖွေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။