နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ဆုအိမ့်စံတစ်ယောက် ချစ်သူကဂရုစိုက်တာကြောင့် စိတ်ချမ်းသာနေပါတယ်။ သူမရဲ့ချစ်စရာပုံစံလေးကြောင့် ပရိတ်သတ်တွေကချစ်နေရတဲ့ မင်း သမီးတစ်ယောက်ပါပဲ။ သရုပ်ဆောင်ပီပြင်ပိုင်နိုင်တာမို့ တဖြည်းဖြည်းနာမည်ရပြီး လူပိုသိလာ တဲ့ အနေအထားတစ်ခုကို လည်း သူမက ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ သူမရဲ့ချစ်သူကတော့ အားလုံးသိတဲ့ စိန်ဘယက်ဆေး တိုက်ကသူရိယပဲဖြစ်ပါတယ်။ ကလေးဘဝကတည်းက စိန် ဘယက်က ကလေးလေးဆိုပြီး ပရိတ်သတ် တွေရင်းနှီးခဲ့ပြီး အရွယ်ရောက်လာတော့လည်း အနုပညာလုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

သူမတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းဟာဆိုရင်လည်း တစ်နှစ်ကျော်လာပြီပဲဖြစ်ပါတယ်။ ဆုအိမ့်စံက စိတ်ကောက်တိုင်း သူရိယက တယုတယချော့တတ်တာမို့ ပျော်ရွှင်စရာကောင်း တဲ့ Relationship လေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့အနေအထားတစ်ခုမှာရှိပါတယ်။ အားကျ စရာကြီးနော် ပရိတ်သတ်ကြီး။ ခုလည်း ဆုအိမ့်စံတစ်ယောက်နေမကောင်းဖြစ်နေတာကြောင့် ဆေးခန်းလိုက်ပြပေးပြီး စားချင်တဲ့ မုန့်လိုက်ကျွေးတာမို့ စိတ်ချမ်းသာတယ်ဆိုပြီး ဆုအိမ့်စံက သူမရဲ့ Facebook မှာတင်ထားပါတယ်။ ပျော်ရွှင်စရာ အချစ်ခရီးလမ်းဆိုတာ လူတိုင်း မျှော်လင့်တဲ့အရာတစ်ခုပါပဲ။ ပိုင်ဆိုင်ခွင့်ရတဲ့ သူမအနေနဲ့ အားကျစရာကောင်းပြီး ပိုင်ဆိုင် ခွင့်ရအောင်ဂရုစိုက်ပေးတဲ့ သူရိယကလည်း လေးစားဖို့ကောင်းသူပါပဲ။

ဆုအိမ့်စံက သူမရဲ့ Facebook မှာ မနေ့ကနေမကောင်းဖြစ်တော့ ဆေးခန်းလိုက်ပြပေး ဒီနေ့ ကြေးအိုး လိုက်ကျွေး စိတ်ချမ်းသာတယ် နေတာမကောင်းတာ အရမ်းစားနိုင်တယ် ဆိုပြီး တင် ထားတာဖြစ်ပါ တယ်။ မြင်ရတာတကယ်ကို စိတ်ချမ်းသာစရာကောင်းပါတယ် ပရိတ်သတ်ကြီး ရေ။ ပရိတ်သတ်တွေ အားကျတဲ့စုံတွဲတွေထဲက တစ်တွဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် လည်း အရမ်းချစ်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ပုံရိပ် လေးတွေကို ပရိတ်သတ်ကြီးလည်း မြင်တွေ့ နိုင်အောင် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Hsu Eaint San’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။