ဘောလုံးပရိသတ်တွေအားလုံးကတော့ ကိုယ်ကြိုက်တဲ့ အသင်း ၊ ကိုယ်ကြိုက်တဲ့ ကစားသမားတွေ ကိုယ်စီရှိကြပါတယ်။ကိုယ်အားပေးတဲ့ အသင်းနိုင်ရင် ပျော်ရသလို ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ ကစားသမားခြေစွမ်းပြနိုင်ခဲ့ရင် ပျော်ခဲ့ရတာလည်းဖြစ်ပါတယ်။ယခုအခါမှာတော့ ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲမှာအမြဲတမ်းရှိနေတဲ့ ကစားသမားတချို့ဟာ ၂၀၁၇ ခုနှစ်မှာ အနားယူသွားပြီလို့ကြေညာခဲ့တဲ့ အထဲမှာ ကျိန်းသေပါဝင်နေကြမှာလည်းဖြစ်ပါတယ်။ဝမ်းနည်းရတဲ့ အခိုက်အတန့် တွေလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အပတ်ကပဲ ဘောလုံးကို ဖျော်ဖြေမှုအကောင်းဆုံးပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်အနားယူသွားခဲ့ပါပြီ။သူကတော့ အေစီမီလန်အသင်းနဲ့အတူ ထွန်းတောက်ခဲ့တဲ့ ကာကာ ပဲဖြစ်ပါတယ်။ကာကာ ဟာဘယ်အသင်းရဲ့ ပရိသတ်မဆို ချစ်ခင်အားပေးတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။၂၀၁၇ ခုနှစ်အတွင်းမှာ ကစားသမားဘဝကနေအနားယူဖို့ ကြေညာခဲ့တဲ့ သူတွေအများကြီးရှိခဲ့ပါတယ်။ဘယ်သူတွေကစားသမားဘဝကနေအနားယူခဲ့လည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကာကာ

ဒရော့ဘာ

ဖိလစ်လမ်း

လမ်းပတ်

အလွန်ဆို

ဇာဗီ

တော့တီ

ပီယာလို

ကူရစ် တို့ပဲဖြစ်ပါတယ်။ 

source  - latest in football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။