ကျနော်တို့ ကမ္ဘာမြေပေါ်ကနေ လရဲ့မျက်နှာပြင်ကို မြင်နိုင်ပါတယ်။ဒါပေမယ့် လရဲ့ ပုံစံ အပြည့်အဝကို မမြင်ရပဲ တစ်ခြမ်းကိုသာတွေ့နိုင်တဲ့အတွက် ကျနော်တို့ မမြင်နိုင်တဲ့ လရဲ့ အခြားတစ်ဖက်မှာ ဘာတွေရှိလဲဆိုတာကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။တစ်ကယ်တော့ ကျနော်တို့ကို ငယ်စဉ်ကလူကြီးမိဘတွေပြောပြခဲ့တဲ့ ဆန်ဖွပ်တဲ့အဘိုးအိုနဲ့ရွှေယုန်လေးဝပ်နေသလိုပုံသဏ္ဍာန်တွေဟာ လပေါ်က ချိုင့်ဝှမ်းနဲ့ တောင်တန်းတွေပါ။ နောက်တစ်ချက်က လရဲ့မျက်နှာပြင်တစ်ဖက်ကိုသာ မြင်ရတဲ့အကြောင်းပါ။

လမင်းကြီးဟာ သူ့ဝင်ရိုးပေါ်မှာသူ တစ်ပါတ်ပြည့်အောင်လှည့်ပတ်ဖို့ (ကမ႓ာရက်) ၂၇ ရက် ကြာမြင့်ပါတယ်။ နောက်ပြီး သူဟာ ကမ႓ာကြီးကို လမ်းကြောင်း တစ်ပတ်ပြည့်အောင် လည်ပတ်ဖို့ကတော့ ၂၇ ရက် ရ နာရီနဲ့ ၄၃ မိနစ် ကြာမြင့်ပါတယ်။ ဒီနှစ်ခုဟာ အနီးစပ်ဆုံး သွားပြီးတူညီနေတဲ့အခါ လ ရဲ့ လှည့်ပတ်ခြင်းကို ကျနော်တို့မမြင်ရတော့ပဲ ဘယ်နေရာ၊ ဘယ်အချိန်ကြည့်ကြည့် လဟာ တစ်မျိုးတည်း (တမျက်နှာတည်း) ဖြစ်နေရတာပါ။ 

နောက်ထပ်စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်ကတော့ ကျနော်တို့ မမြင်ရတဲ့ လရဲ့ အမှောင်ဘက်ခြမ်းဟာ ဒါဏ်ရာများနဲ့ ပြည့်နက်နေပါတယ်။ ဘာကြောင့်ဒီလိုဖြစ်နေရသလဲဆိုရင် ကမ႓ာ နဲ့ လ တို့ ဖြစ်တည်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံကျော် အတွင်းမှာ ကမ႓ာပေါ်ကျရောက်နိုင်မယ့် ဥက္ကာခဲ တော်တော်များများကို သူ့ရဲ့ကျောပြင်နဲ့ ဒိုင်းသဖွယ် ကာရံပေးထားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် အောက်တိုဘာလမှာတော့ ဆိုဗီယက် (ရုရှား) အာကာသယာဉ် (Luna 3) က လ ရဲ့ နောက်ကျောကို ပထမဆုံး ဓါတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်

Source : သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။