အလွယ်ကူဆုံး အရှင်းဆုံးနည်းကတော့ အရမ်း ဗိုက်ဆာမလာခင် ဦးအောင်စားလိုက်တာပဲ ဖြစ်ပါတယ်။ သရေစာ တစ်ခုခုဖြစ်ဖြစ်၊ ဘီစကစ်ဖြစ်ဖြစ်၊ မုန့်အချို တစ်ခုခုဖြစ်ဖြစ် အလွယ်စားလိုက်ပြီး လောလောဆယ် ပြသနာကို ဖြေရှင်းတတ်ကြပါတယ်။ ဒါပေမယ့် ဒီမုန့်တွေမှာပါတဲ့ ဂလူးကို့စ် သကြားဓာတ်က ယာယီသာ ခံမှာဖြစ်ပြီး မကောင်းတဲ့ သကြားဓာတ်တွေအဖြစ်လည်း ဦးတည်စေနိုင်ပါတယ်။ တခါတလေမှာတော့ ဒီလို စားလိုက်ခြင်းက ဗိုက်ဆာ မပြေတဲ့ အပြင် ပိုပြီးဒေါသထွက်စေလာနိုင်ပါတယ်။

ဒါ့ကြောင့် ဗိုက်ဆာတာနဲ့ အစာစားလိုက်တဲ့နည်းဟာ တချို့တွေအတွက် အဆင်မပြေပါဖူး။ သိထားသင့်တဲ့ အချက်တချက်က ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ်ပမာဏ တည်ငြိမ်မှုရအောင် ဟော်မုန်းတွေက အချိန်အတိုင်း အတာတခုထိ ထိန်းပေးထားနိုင်ပါတယ်။ ဗိုက်အတော်ဆာလာတဲ့အခါ စားစရာပြင်ဆင်ဖို့ ဒါမှမဟုတ် ဝယ်ယူစားသောက်ဖို့ အချိန်တခု ရစေပါတယ်။ တကယ်လို့ အလုပ်များသူတယောက်ဆိုရင်တော့ အစာစားချိန်ကို သတ်သတ်မှတ်မှတ် ထားတာမျိုး (သို့မဟုတ်) အစာကို ကြိုတင်ပြင်ဆင်ထားတာမျိုးကို လုပ်နိုင်ပါတယ်။ 

ချေဖျက်ဖို့ခက်တဲ့ အစာအစာတွေ (ဥပမာ အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေ)ကတော့ အကောင်းဆုံး အစာအုပ်စုပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဝိတ်ချနေတယ်၊ ဗိုက်လည်းဆာတယ်ဆိုရင် ပရိုတင်းဓာတ်တွေက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သစ်သီးတွေဟာ သကြားဓာတ်ပါဝင်တဲ့အပြင် ခန္ဓာကိုယ်ကလည်း လျင်မြန်စွာ ချေဖျက်ပစ်နိုင်တာကြောင့် လိုအပ်တဲ့နေရာကို မြန်မြန်ဆန်ဆန် ရောက်သွားစေနိုင်ပါတယ်။ တကယ်လို့ သင်ဟာဗိုက်ဆာလို့ စိတ်ကလည်း တိုနေပြီ၊ ထမင်းစားဖို့ကလည်း အချိန်နည်းနည်း လိုနေသေးတယ်ဆိုရင် သစ်သီးတွေစားတာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။

အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း၊ အစာ မစားဘဲ ၀ိတ်ချခြင်း၊ ဥပုသ်စောင့်ခြင်း … အစရှိတဲ့ အချိန်ကြာကြာ အစာမစားရတဲ့ ကိစ္စတွေကို ဆရာဝန်နှင့် တိုင်ပင်ပြီး ဆရာဝန်ရဲ့ ခွင့်ပြုချက်နှင့်သာ လုပ်ဆောင်သင့်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Source: Dr. Thiha Phyo Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။