ရန်ကုန်မြို့ကတော့ မြန်မာနိုင်ငံ၏ အချက်အချာမြို့ဟု ခေါ်ဝေါ်နိုင်ပါတယ်။ လူဦးရေ သိပ်သည်းမှုများကာ စီးပွားရေးပေါင်းစုံလည်းရှိပါတယ်။ လူအမျိုးမျိုးလည်း ရှိသောကြောင့် မိန်းမလိုက်စားသူတွေနှင့်မူးယစ်ဆေးသုံးစွဲသူတွေလည်း ရန်ကုန်မြို့၏နေရာအနှံ့မှာ ပြန့်ကျဲနေပါတယ်။ ယခုအခါမှာတော့ ရန်ကုန်မြို့မှာ HIV စစ်တမ်းတစ်ခုကောက်ခံခဲ့ရာ အဆိုပါ စစ်တမ်းအရ သုံးနာရီတိုင်းမှာ လူတစ်ဦးနှုန်းHIVကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အိတ်ချ်အိုင်ဗီပိုးအသစ် ကူးစက်ဖြစ်ပွားမှု၏ သုံးပုံတစ်ပုံ ခန့်သည် ရန်ကုန်တိုင်းတွင်ရှိနေ ပြီး သုံးနာရီလျှင် တစ်ဦးနှုန်းကူးစက်ခြင်းဖြစ်သည်ဟု သိရှိရပါတယ်။ 

၂၀၁၆ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တွက်ချက်ထားသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနာအသစ်ဖြစ်ပွားမှုနှုန်းသည် တစ်သောင်းတစ်ထောင်ခန့်ရှိ သည်။ ၎င်းတို့အနက် လူနာ သုံးထောင်ခန့်သည် ရန်ကုန်တိုင်း၌ ရှိနေသောကြောင့် တစ်ရက်လျှင် ရှစ်ဦးနှုန်း (သို့မဟုတ်) သုံးနာရီ လျှင် တစ်ဦးနှုန်း ကူးစက်ခံရခြင်း ဖြစ်ပါတယ်။ ‘‘ရန်ကုန်တိုင်းက လူဦးရေ အရမ်းများတယ်။ ရန်ကုန်၊ မန္တ လေးလိုနေရာတွေမှာ ၀န်ဆောင် မှုတွေကလည်း ရတာများတော့ အဲဒီနေရာတွေမှာ များတယ်ထင် ရတာပေါ့။ လူဦးရေအချိုးနဲ့ ကြည့်ရင်လည်းများတော့ များတာပေါ့။ ရန်ကုန်တိုင်းအခြေအနေက ကူး စက်မှုအကုန်လုံးခြုံပြောရင် ကျန် တိုင်းနဲ့ ပြည်နယ်တွေလိုပဲ ကျ ဆင်းတယ်။ ဒါပေမဲ့ Key Popu-lation (HIV ကူးစက်ခံရရန် အခွင့်အလမ်းများသူများ)လို့ခေါ်တဲ့ ဦးတည်အုပ်စုတွေမှာ လူနာအ သစ်ကူးစက်ခံရနှုန်းက သိသိသာ သာမကျသေးဘူး။ သူတို့မှာတော့ ကာကွယ်ရေးလုပ်ငန်းတွေ ပိုမို လုပ်ဆောင်ဖို့ လိုပါတယ်’’ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ခုခံအားကျကာလသား ရောဂါတိုက်ဖျက်ရေးစီမံချက်မန် နေဂျာ ဒေါက်တာ ထွန်းညွန့်ဦးက ပြောကြားခဲ့ပါတယ်။ 

လူဦးရေ ခုနစ်သန်းကျော်ရှိ သော ရန်ကုန်တိုင်းဒေသကြီးတွင် အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင် ၅၅,၀၀၀ ခန့်ရှိ၍ တိုင်းဒေသကြီးအတွင်း အေအာရ်တီဆေးပေးထားသော လူနာဦးရေငါးသောင်းခန့်ရှိပြီး တစ်နိုင်ငံလုံး၏ အေအာရ်တီဆေးပေးထားမှု၏ ၃၈ ရာခိုင်နှုန်းရှိနေသည်ဟု သိရှိရပါတယ်။ ၂၀၁၆ တွင် ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံ၌အိတ်ချ်အိုင်ဗီပိုး ဖြစ်ပွားနေသူ ၂၂၀,၀၀၀ ခန့်ရှိပြီး မူးယစ်ဆေး အကြောထဲထိုးသွင်းမှုမှ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သားများမှ ရ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံသူများမှ ၁၃ ရာခိုင်နှုန်းကူးစက်ခံနေရသည်။ အသစ်ကူးစက်ခံရမှုသည် ၂၀၀၀ ပြည့်နှစ်တွင် လူဦးရေ ၃၅,၀၀၀ ရှိခဲ့ရာမှ ၂၀၁၆ တွင် တစ်သောင်းကျော်အထိ ကျဆင်းလာပြီး ၂၀၃၀ အကုန်တွင် အိတ်ချ်အိုင်ဗီပိုးကူးစက်မှုကင်းဝေးသည့် အဆင့်ထိရောက်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။ အိပ်ချ်အိုင်ဗီပိုးခံစားနေရသူ များအနေဖြင့် လက်ရှိအချိန်ထိ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံခြင်းနှင့် အလုပ်အကိုင်ရှားပါးခြင်းစသော အခက်အခဲများရှိနေသေး ကြောင်း အိတ်ချ်အိုင်ဗီဝေဒနာရှင် များအား ကူညီစောင့်ရှောက်ပေးနေသည့် လူမှုအဖွဲ့အစည်းများက ပြောကြားခဲ့ပါတယ်။

Source – 7Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။