ဝင့်ယမုံလှိုင်ဆိုတဲ့ မင်းသမီးချောလေးကိုတော့ MRTV – 4 ရဲ့ The Sign of Love ဆိုတဲ့ ဇာတ်လမ်းတွဲလေးကနေ ပထမဆုံးပရိသတ်သတိထားမိခဲ့ပါတယ်။ ယခုနောက်ပိုင်း MRTV – 4 ရဲ့ ဇာတ်လမ်းတွဲများမှာ သူမရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုများကို ပရိသတ် ကြီး မြင်တွေ့ရမှာပါ။ သူမကို ဒီဇင်ဘာလ ၁၈ ရက် ကရင်နှစ်သစ်ကူးနေ့မှာတော့ လှပတဲ့ ကရင်မလေးအဖြစ် မြင်တွေ့ရမှာပါ။ သူမနဲ့ ကရင်ဝတ်စုံအဖြူရောင်လေးက သိပ်ကို လိုက်ဖတ် ကာ သိပ်ကိုချစ်ဖို့ကောင်းနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သူမရဲ့ Facebook စာမျက်နှာမှာ သူမကိုချစ်တဲ့ ပရိသတ် များ အပေါ်တာဝန်မကျေသလိုခံစားရကြောင်း ဖွင့်ဟလာပါတယ်။ သူမနဲ့ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာလေးကအစ သတိထားပေးကာ စိတ်ဓာတ်ကျတဲ့အခါတိုင်း ခွန်အားသစ်များ ဖြစ်စေလို့ ကျေးဇူးတင်ပါကြောင်းနဲ့ ရှေ့ဆက်မယ့် အနုပညာခရီးလမ်းမှာလည်း ပရိသတ် တွေရဲ့ အချစ်တွေနဲ့ပဲ ဆက်ရှေ့ခွင့်ပေးပါလို့ သူမက တောင်းဆိုထားပါသေးတယ်။

ပရိသတ်များရဲ့ စကားသံများကိုလည်း သူမက အမြဲတမ်းလေးနက်စွာ နားထောင်လေ့ရှိ သူပီပီ ဝေဖန်သံမှုတွေနဲ့ အကြံပေးမှုတွေကိုလည်း ကြည်ဖြူစွာ လက်ခံလေ့ရှိပါတယ်။ အမြဲတမ်းပြုံးနေပါဆိုတဲ့ ပရိသတ်ကြီးကြောင့် ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ ပြုံးထားပါတယ်လို့ ဆိုပါတယ်။ ကဲ…..ဒါဆိုရင်တော့ ပရိသတ်ကြီးရေ အပြုံးမင်းသမီးလေး ဝင့်ယမုံလှိုင်ကိုလည်း အားပေးလိုက်ရအောင်နော်။

Source – Wint Yamone Hlaing FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။