ဒီနည်းလမ်းလေးတွေကို ပုံမှန်လိုက်နာရုံနဲ့ ကြည့်လို့ကောင်းတဲ့ ခန္ဓာကိုယ်​အချိုးအစားကို ပိုင်ဆိုင်နိုင်မှာပါ။

နောက်ကျမှ ညနေစာမစားပါနှင့်

အိပ်ရာဝင်ခါနီးကို snack စားခြင်းနှင့် ထမင်းဟင်းစားခြင်းမှ အထူးရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့သင့်အနေနှင့် ညအိပ်ရာဝင်ခါနီးမှာ အစားအစာစားသောက်မယ်ဆိုရင်တော့ ဟင်းသီးဟင်းရွက်တွေချည်း ပဲစားသင့်ပါတယ်။ ထမင်းနှင့် ဟင်းတွေထဲမှာ ပါဝင်တဲ့ ကယ်လိုရီတွေနှင့် အဆီဓါတ်တွေဟာ အိပ်ရာမဝင်ခင် ကုန်စင်အောင် ခြေဖျက်နိုင်စွမ်းမရှိပါဘူး။ အကောင်းဆုံး ညနေစာစားနည်းကတော့ ညနေစာ ထမင်းစားပြီးနောက်ပိုင်း ဟင်းသီးဟင်းရွက်နှင့်ပြုလုပ်ထားတဲ့ snack ကိုသာစားသုံးလိုက်ပါ။

ရေများများသောက်ခြင်း

သင့်အနေနှင့်တစ်နေ့ကို လုံလောက်တဲ့ ရေဓါတ်ပမာဏကို ဖြည့်တင်းပေးသင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံးရေဖန်ခွက် ၈ ခွက်ကနေ ၁၀ ခွက်အထိသောက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရှိအဆိပ်အတောက်များကို ခြေဖျက်ပေးနိုင်ခြင်းနှင့် ဝိတ်လျော့ကျစေခြင်းစတဲ့ ကောင်းကျိုးကို ပေးစွမ်းနိုင်ပါတယ်။ အလှအပဆိုင်ရာ ကျွမ်းကျင်သူများရဲ့ လေ့လာတွေ့ရှိချက်အရ အစားစားနေစဉ် ဒါမှမဟုတ် အစာစားပြီး ရေသောက်တဲ့ သူတွေက အစားစားပြီး ရေမသောက်တဲ့ သူတွေထက်ပိုပြီး ဝိတ်ကျစေပါတယ်တဲ့။

အစာနည်းနည်းကို ခဏခဏစားပေးပါ

တကယ်လို့သင့်အနေနှင့် အစာနည်းနည်းကို မကြာခဏ တစ်နေ့တာပတ်လုံး စားပေးပါက သင့့်အနေနှင့် ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုလှုံ့ဆော်ပေးနိုင်ပြီး အဆီတွေကို ပိုမိုလောင်ကျွမ်းစေမှာ အသေအချာပါပဲ။ နောက်ပြီး သင့်ရဲ့ မကြာမကြာ စားနေတဲ့ အစာအာဟာရထဲကို ဟင်းသီးဟင်းရွက် ထည့်စားလိုက်ပေးပါက စွမ်းအားပိုမိုမြှင့်တင်ပေးနိုင်စေမှာ အသေအချာပါပဲ။

အိပ်ချိန်မှန်ပါစေ

အိပ်ရာဝင်ချိန်နှင့်အိပ်ရာထချိန်မှန်ကန်ခြင်းဟာလည်း ခန္ဓာကိုယ်ဝိတ်ကျစေခြင်းရဲ့ အဓိကအကြောင်းခြင်းရာပဲဖြစ်ပါတယ်။ တနေ့လျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်ခြင်းအားဖြင့် ခန္ဓာကိုယ်အလေးချိန်တိုးစေတဲ့ cortisol ဟော်မုန်းဓါတ်ကို ထိန်းချုပ်နိုင်ပြီး ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေမှာ အသေအချာပါပဲ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။