သွားကြိတ်တယ်ဆိုတာ လူတိုင်းဖြစ်တဲ့အလေ့အထတစ်ခုမဟုတ်ပါဘူး၊ သွားကြိတ်ခြင်းက နှစ်မျိုးရှိ်ပါ တယ်နော်။ နေ့ခင်းဘက်မှာ သတိလက်လွတ် အံကြိတ်တတ်တာမျိုး (သို့မဟုတ်) ညဘက်အိပ်နေရင်းနဲ့ သွားကြိတ်ခြင်းဖြစ်ပါတယ်။ ဒါရောဂါတစ်ခုတော့မဟုတ်ပါဘူး အိပ်စက်ခြင်းမှုမမှန်ခြင်းပဲဖြစ်ပါတယ်။ အိပ်စက်ခြင်းမှုမမှန်ခြင်းတွေကတော့ ဟောက်ခြင်း၊ ကယောင်ကတန်းပြောခြင်းတို့ပဲဖြစ်ပါတယ်။ သွားကြိတ် တာမပြင်ထန်းဘူးဆိုရင်တော့ကုသစရာမလိုပါဘူး။ တစ်ချို့ကတော့ မကြာမဏဖြစ်ပြီး မေးရိုးပြသာနာ ခေါင်းကိုက်တာ၊ သွားပျက်စီးခြင်းတွေ နဲ့ဆက်စပ်လိုနေပြန်ပါတယ်။ မိတ်ဆွေမှာသွားကြိတ်တတ်တဲ့ အကျင့်ရှိရင်တောင်မှ တစ်ခြားပြသာနာကြီးကြီးမားမား မဖြစ်ခြင်းသတိထားမိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ကိုယ်တိုင် (သို့မဟုတ်) သင်နဲ့အတူအိပ်တဲ့သူက သွားကြိတ်တတ်တယ်ဆိုရင် ရောဂါလက္ခဏာ တွေကို ဖော်ပြပေးသွားမှာပါနော်။

သွားကြိတ်တတ်သူတွေမှာ ဖြစ်တတ်တာလေးတွေကတော့ သွားတွေပြားခြင်း၊ ကျိုးပဲ့ခြင်း၊ ကျွတ်ခြင်း ၊သွားကြွေလွှာတွေပျက်စီးခြင်း၊ သွားများကိုအထိမခံနိုင်ခြင်း၊ မေးရိုးအနားဖြစ်ခြင်း၊ မေးရိုးများပင်ပန်းခြင်း၊ တင်းကြပ်ခြင်း၊ နားကိုက်ခြင်း၊နားထင်ရင်းမှစပြီး ခေါင်းကိုက်လာခြင်း၊ပါးအတွင်းပိုင်းကို ကိုက်မိခြင်း၊ လျှာပေါ်မှာ အပေါက်လေးတွေဖြစ်လာခြင်း၊ တို့်ဖြစ်ပေါ်လာနိုင်ပါတယ်။ မိတ်ဆွေကိုယ်တို်င် သွားကြိတ်တတ် သူဆိုရင် ဒီအချက်တွေကိုလိုက်နာသင့်ပါတယ်နော်။စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျော့ချပေးပါ။ ရေနွေးလေးနဲ့ရေချိုးပေးပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ ညမအိပ်ခင်မှာကော်ဖီသောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကိုရှောင်ပေးပါ။ အိပ်ချိန်ပြည့်ပြည့်ဝဝအိပ်ပါနော်။ ကိုယ်နဲ့တူတူအိပ်တဲ့ သူရှိရင် သွားကြိတ်သံကြားရင် သတိပေးဖို့မှာထားပေးပါ။တစ်ကယ်လို သွားကြိတ်တာများသွားရင် မေးရိုးအပြည့်အဝ ဖွင့်ပိတ်လုပ်ခြင်းကို ကောင်းကောင်းမရတော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသ သင့်ပါတယ်။

သွားကြိတ်ခြင်းကို ကာကွယ်ဖို့အတွက် သွားအကူအံကပ်လေးနဲ့ကာကွယ် နိုင်ပါတယ်။ သွားအကူအံကပ် လေးက သွားတစ်ခုနဲ့တစ်ခုမကြိတ်မိအောင် ကာကွယ်ပေးပါလိ်မ့်မယ်။စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျော့ချပေးပါ။ အိပ်ရာမဝင်ခင်မှာ သီချင်းအေးအေးလေးတွေနားထောင်ပေးနိုင်ပါတယ်။ အတူနေမိသားစုနဲ့ လည်းစကားပြောဆိုရေမောခြင် းမျာကိုဆောင်ရွက်ပေးပါ။အထူးသဖြင့် အရက်နဲ့ ကဖိန်းဓာတ်တွေကို လုံးဝရှောင်ရှားဖို့ လိုပါတယ်နော်။ စာဖတ်သူတွေအနေနဲ့ မိမိသော်လည်းကောင်း ပတ်ဝန်းကျင်မှာ သော်လည်းကောင်း အံကြိတ်တတ်တဲ့သူတွေရှိရင်လည်း ဒီနည်းလမ်းလေးကို မျှဝေပေးပါနော်။

Source : google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။