Huawei ကတော့ ပရိသတ်ကြီးသဘောကျတဲ့ တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ Huawei အနေဖြင့် နောက်ပိုင်းမှာ အရည်အသွေးမြင့်ဖုန်းတွေကို ဆက်တိုက်ဆိုသလို ထုတ်လုပ်လာခဲ့ပါတယ်။ Huawei အနေဖြင့် နိုင်ငံတကာစျေးကွက်မှာ နေရာကြီးကြီးရယူနိုင်ဖို့ ကြိုးစားနေတာပါ။ ယခုအခါမှာလည်း Huawei အနေဖြင့် ဖုန်းသစ်တစ်လုံးကို ကြေညာခဲ့ပါတယ်။ ဖုန်း၏နာမည်လေးကတော့ Huawei Enjoy 7S ပဲဖြစ်ပါတယ်။

Huawei Enjoy 7S အနေဖြင့် HiSilicon Kirin 659 Chipset ကိုအသုံးပြုထားပါတယ်။ CPU ကတော့ Octa-core (4x2.36 GHz Cortex-A53 & 4x1.7 GHz Cortex-A53) ဖြစ်လို့ မြန်ဆန်သွက်လက်နေမှာပဲဖြစ်ပါတယ်။ ဖုန်းကို Andriod OS 8.0 အသုံးပြုကာ ထုတ်လုပ်ထားပါတယ်။ ဖုန်း၏မျက်နှာပြင်အကျယ်က 5.65 လက်မ အကျယ်ရှိကာ 1080 x 2160 pixels ရှိတာကို တွေ့ရှိရမှာပါ။ ဒါ့အပြင်ဖုန်း၏ မျက်နှာပြင် အချိုးအစားကတော့ 18:9 ပဲဖြစ်ပါတယ်။ ဖုန်းမှာ ပါ၀င်တဲ့ RAM ကတော့ 3 GB နှင့် 4 GB ရယ်နှစ်မျိုးကွဲသွားမှာပါ။ သို့သော် RAMကမြင့်မားတာကြောင့် လျင်မြန်သွက်လက်စေမှာပါ။ ဖုန်းမှာ လက်ဗွေရာစနစ်လည်းပါ၀င်ပါတယ်။ ဖုန်း၏ ဘက်ထရီကတော့ 3000mAH ဖြစ်တာကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မှာပါ။

Huawei Enjoy 7S မှာတော့ မှဏ်ညဏ်သိုလှောင်နိုင်စွမ်း 64GB နှင့် 32 GBရယ်ဟူ၍ နှစ်မျိုးကွဲသွားမှာပဲ ဖြစ်ပါတယ်။ 64 GB ကတော့ Ram 4 GB ပါ၀င်မှာဖြစ်ပြီး 32GB ကတော့ Ram 3 GB ဖြစ်ပါတယ်။ အကယ်၍ ROMကသင့်အတွက်မလုံလောက်ပါက 256GB ထိ Micro SD Card အသုံးပြုကာ မြင့်တင်နိုင်ပါတယ်။ ကင်မရာကတော့ Dual Camera ဖြစ်ကာ တစ်လုံးက 13 Megapixels ဖြစ်ပြီး တစ်လုံးကတော့ 2 Megapixels ပဲဖြစ်ပါတယ်။ Selfie ဆွဲရန် 8 Megapixels ပါ၀င်တဲ့ ကင်မရာတစ်ခုလည်း ပါ၀င်တာကြောင့် Selfie ဆွဲဖို့ကောင်းမွန်ပါတယ်။ Huawei Enjoy 7S ကတော့ လက်ရှိမှာ ကုမ္ပဏီကကြေညာထားတုန်းသာ ရှိတာကြောင့် စျေးနှုန်းကို မသိရှိရသေးပါဘူး။

Hein (Mg Lu Aye)

Source – Gsmarena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။