မိမိကိုယ်မှာ (သို့မဟုတ်) ပတ်ဝန်းကျင်မှာမြင်တွေ့ဖူးကြမှာပါ။ကြွက်နို့က တစ်ကယ်ကုသရခက်ပါတယ်။ အရင်တုန်ကြွက်နို့ပျေက်ကင်းဖို့အတွက် ဆေးကုသရာမှာ စူချွန်လိုမျိုးနဲ့ ဆွပေးရခြင်း၊ မီးအပူပေးရခြင်း၊ ထုံးပွတ် ပေးခြင်းစသည့် ကုထုံးနည်းတွေကို ကြားဖူးမြင်းဖူးကြပါတယ်။ တစ်ချို့ကလည်းဆေးရုံးတက်ခွဲ ကြပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းဆေးစွမ်းကောင်းလေးတွေရှိနေတဲ့အတွက် ဘယ်နေရာဘယ်ဒေသအတွက်မဆို ခုတင်ပြပေးမဲ့နည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။ လုံးဝပျေက်ကင်းသွားတဲ့အတွက်လည်း စိတ်ချလက်ချ အသုံးပြုစေချင်ပါတယ်။ငွေကုန်ကြေးကျမများသလို မိမိပတ်ဝန်းကျင်မှာလည်း လွယ်လွယ်လေးရနိုင်တဲ့ နည်းလမ်းလေးကို တင်ပြပေးမှာပါ။

ဆေးနည်းလေးကတော့

- ဆန်လက်တစ်ဆုပ်လောက်ကို ရေနဲ့ပျစ်ပျစ်ဖျော်ပေးပါ။

- ဧကရာဇ်အမြစ်ကို လူတိုင်းသိပါတယ်နော်။ ဆန်ဆေးရည်လေးနဲ့သွေးပေးပါ။

- သနပ်ခါးလိမ်းသလို ကြွက်နို့ပေါ် ခပ်ထူးထူးလိမ့်ပေးပါနော်။

- ဆေးခြောက်သွားတဲ့အထိထားပေါ။ခြေထောက်ကိုရေမထိပါစေနဲ့။

ဒီနည်းလမ်းလေးအတိုင်း တစ်နေ့(၃) ကြိမ်လုပ်ပေးပါ။ အလုပ်မအားရင်တော့ (၂) ကြိမ်အနည်းဆုံးလုပ် ပေးပါ။ ကြွက်နို့ပေါက်ရင်လည်း တစ်ကယ်စိတ်ညစ်စရာပါနော်။ ဒီနည်းလမ်းလေးအတိုင်းလုပ်ပေးပါက ရက်အနည်းငယ် အတွင်းမှာ ပျေက်ကင်းစေပါတယ်။ကြွက်နို့တွေ ပွားပေါက်လာတာကိုလည်း ဟန့်တားနိုင်သလိုတစ်ကယ် ပျေက်တဲ့ဆေးနည်းလေးဖြစ်လို မျှဝေပေးပါတယ်နော်။အနာရောဂါပျေက်ကင်းပြီး ကျန်းမာပျော်ရွင်နိုင်ကြပါစေ။

Source : မုံထူးကျေရွာ ကိုညိုမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။