ညှို့ယူနိုင်စွမ်းရှိကာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မြန်မာနိုင်ငံရဲ့ နံပါတ် (၁) Beauty Blogger ကတော့ နေခြည်ဦးပါပဲ။ အလှအပရေးရာဆိုလို့ မိန်းခလေးတွေပဲ အားပေးတော့ မထင်လိုက်ပါနဲ့။ ဆွဲဆောင်မှုရှိကာ စမတ်လှလွန်းတာကြောင့် ယောက်ျားလေး ပရိသတ်ကလည်း အခိုင်အမာပါပဲ။ အလှအပကိုစိတ်ဝင်စားတဲ့ အမျိုးသမီးငယ်လေးတွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်ဆိုလဲ မှန်ပါတယ်။ အခုတလောမှာတော့ ခရီးတွေထွ က်နေတဲ့ သူမကိုမြင်တွေ့ရပါတယ်။ ဘယ်ချိန်ကြည့်ကြည့် စမတ်ကျလွန်းကာ အထာကျလွန်း သူတစ်ယောက်ပါပဲ။

နောက်ပိုင်းတွင် သရုပ်ဆောင်လုပ်ဖို့ရှိတယ်လို့ ဖြေကြားခဲ့တဲ့သူမအပေါ် ပရိသတ် အချို့က ဝေဖန်မှုများရှိခဲ့ပါတယ်။ Beauty Blogger တစ်ယောက်ဖြစ်တဲ့အတွက် သူမရွေးချယ်တဲ့ ဒီလမ်းကြောင်း အပေါ်မှာပဲ တစိုက်မတ်မတ်လုပ်စချင်တဲ့ ပရိသတ်များရှိနေသလို တချို့ပရိသတ်တွေကလည်း သရုပ်ဆောင်အလုပ်က သူမနဲ့ လိုက်ဖက်မှုရှိတယ်လို့ အကြံပေးခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်သူမဘယ်လိုပင်ရွေးချယ်ပါစေ သူမကိုချစ်တဲ့ ပရိသတ်ကြီးကတော့ အမြဲအားပေးနေမယ်ဆိုတာတော့ အသေအချာပါပဲ။

မကြာသေးခင်ကရက်ပိုင်းကတော့ သရုပ်ဆောင်မင်းသားဒေါင်းနဲ့တွဲဖက်ကာ ပုဂံမှာ ရိုက်ကူးရေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဝါရောင်မြန်မာဝတ်စုံလေးနဲ့ သနပ်ခါးပါးကွက်ကြားလေး လိမ်းခြယ်ထားတဲ့ သူမရဲ့ အလှကတော့ ငေးမောစရာပါပဲ။ မင်္ဂလာဆောင်ပွဲတစ်ခုမှတော့ ပန်းကြဲတစ်ယောက်အဖြစ် ပါဝင်အားဖြည့်ခဲ့ကာ မီးခိုးရောင်ဝတ်စုံလေးနဲ့ လင်းလတ်နေတဲ့ ကြယ်ပွင့်လေး နေခြည်ဦးပါပဲ။

Source – Nay Chi Oo FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။