သင့်ခန္ဓာကိုယ်အချိုးအစားကို ဖျက်ဆီးနေတဲ့ အဆီပိုတွေကို ဒီနည်းလမ်းတွေနဲ့ ဖယ်ရှားနိုင်ပါတယ်။

လေ့ကျင့်ခန်းအပြောင်းအလဲ အနည်းငယ်လုပ်ပါ

ပုံမှန်လုပ်နေကျအလုပ်ဖြစ်တဲ ့နေ့စဉ်လမ်းလျှောက်တာကနေ ပြေးတဲ့လေ့ကျင့်ခန်း၊ လှေကားတက်လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးလိုက်ပါ။ အဲဒီလို ပြုလုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို ပေါ့ပါးစေပြီး ဝိတ်ကျစေမှာ အသေအချာပါပဲ။

၁၀ မိနစ်ခန့် လှုပ်ရှားပါ

သင့်အနေနှင့် တစ်နေ့လျှင် ၁၀ မိနစ်ခန့် ရွရွပြေးတာ၊ အိ်မ်မှုကိစ္စတွေလုပ်တာ၊ ကတာ၊ ခုန်တာ လောက်တော့ လုပ်ပေးသင့်ပါတယ်။ အဲဒီလိုလုပ်ပေးခြင်းအားဖြင့် တစ်ပတ်ကို ကီလိုရီ ၃ဝဝ လောက်ကိုလျော့ချစေနိုင်ပြီး တစ်နှစ်အတွင်း ၇ ပေါင်ကနေ ၁၀ ပေါင်အထိလျော့ကျစေမှာ အသေအချာပါပဲ။

သင်တန်းဆရာနှင့်လေ့ကျင့်ပါ

တကယ်လို့ သင့်အနေနှင့်အဆီချ လေ့ကျင့်ခန်းကိုဘယ်လိုလုပ်ရမယ်ဆိုတာကို မသိဘူးဖြစ်နေတယ်ဆိုရင်တော့ လေ့ကျင့်ခန်းသင်ကြားပေးတဲ့ ဆရာဖြင့်သာ သင်ကြားလေ့ကျင့်စေလိုပါတယ်။ သင်တန်းဆရာဖြင့် သင်ယူမယ်ဆိုပါက နှစ်ပတ်တစ်ခါ သင်ယူတဲ့ လေ့ကျင့်သင်ကြားမှုပုံစံဖြင့်သာ သွားသင့်ပါတယ်။ ဒီလိုမျိုး သင်တန်းဆရာဖြင့် နှစ်ပတ်တစ်ခါ လေ့ကျင့်သင်ကြားခြင်းအားဖြင့် ကယ်လိုရီတွေ ၆ဝဝ ကနေ ၈ဝဝ အထိလျော့ချပေးနိုင်စေမှာအသေအချာပါပဲ။တစ်လအတွင်းမှာ၁၀ ပေါင်ကနေ ပေါင် ၂၀ လောက်အထိ လျော့ကျသွားစေမှာလည်း အသေအချာပါ။

ပြင်းပြင်းထန်ထန်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ

ဝိတ်ချနေတဲ့အချိန်မှာ အကောင်းဆုံး စိတ်နေသဘောထား နည်းလမ်းကတော့ အကောင်းမြင်တတ်ခြင်းနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်းပါပဲ။ ဝိတ်ကျချင်ဇောနှင့် ပြင်းပြင်းထန်ထန်ပြုလုပ်မယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးများနိုင်ချေရှိတယ်လို့ သတိပေးလိုက်ပါရစေ။

နေ့လည်စာအသုပ်စားပါ

ဝိတ်ကျစေဖို့အတွက် နေ့လည်စာ အသုပ်ကိုစားပေးလိုက်ပါ။ နေ့လည်စာ အသုပ်စားပေးခြင်းအားဖြင့် ကယ်လိုရီဓါတ်များမြင့်မားစေပြီး အဆီနှင့်ဆိုဒီယမ်ဓါတ်များကိုလည်း အားဖြည့်ပေးစေနိုင်ပါတယ်။ အသုတ်နှင့်အတူ တွဲဖက်စားသုံးနိုင်မယ့် ဟင်းအချဉ်ရည်တွေကိုလည်း ကိုယ်တိုင်ဖန်တီးနိုင်ပြီး အသုတ်မှာပါတဲ့ ကယ်လိုရီဓါတ်တွေကိုလည်း ထိန်းသိမ်းပေးနိုင်မှာ အသေအချာပါပဲ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။