ခြောက်ထပ်ကြီးဘုရားဆွမ်းတော်ကြီးပွဲမှာ လင်းဇာနည်ဇော်တို့မိသားစုကတော့ တပျော်တပါးကြီးအလှူပြုနေကြပါတယ်။သရုပ်ဆောင်လင်းဇာနည်ဇော်နဲ့ အမဖြစ်သူစုချစ်ဇော် အပါအဝင် မိတ်ဆွေသင်္ဂဟတွေလည်း ပါ၀င်ခဲ့ကြပါတယ်။မကြာမီကမှ သြစတေးလျနိုင်ငံ ဆစ်ဒနီမှာ ပညာသင်ကြားနေတဲ့ သမီးလေးမြူလင်းကိုကိုကလည်း မိဘတွေနဲ့အတူတူ အလှူပြုခဲ့ပါတယ်။

လိမ္မာရေးခြားရှိတဲ့ သမီးလေးကလည်း မိဘနဲ့အတူမခွဲမခွာပဲ မြန်မာပြည်ရောက်တုန်း အမေဖြစ်သူနားမှာပဲ ဘဝပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။တချိန်ကပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်လင်းဇာနည်ဇော်ဟာ အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားကာ ပရဟိတအလုပ်တွေကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

အခုတော့ လင်းဇာနည်ဇော်တို့နဲ့ အနုပညာဆည်းဆာရိပ်မှလည်း ပါ၀င်အလှူပြုခဲ့ကြပါတယ်။ပျော်ပျော်ရွှင်ရွှင်အလှူပြုနေကြတဲ့ လင်းဇာနည်ဇော်တို့မိသားစုပုံရိပ်တွေကိုမျှဝေပေးလိုက်ပါတယ်။

source - လင်းဇာနီဇော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။