သရုပ်ဆောင်ယုသန္တာတင်တစ်ယောက် ရုပ်ရှင်ရိုက်ဖို့ ဘားအံမြို့တောင်ဝိုင်းကိုရောက်ရှိ နေပါတယ်။ တောင်ဝိုင်းရဲ့လှပတဲ့ရှုခင်းတွေနဲ့ သူမရဲ့အလှတို့ပေါင်းစပ်ထားတဲ့ အမိုက်စား ပုံရိပ်တွေကို ပြန်လည် မျှဝေထားပါတယ်။ ရှပ်အင်္ကျ ီအနီရောင်လေးကို ဂျင်းဘောင်းဘီ အရှည်နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သူမ ရဲ့ပုံစံက ရိုးရိုးလေးနဲ့ကြည့်ကောင်းနေပါတယ်။ သူမ ဟာ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးပရိတ်သတ်အားပေးလက်ခံတဲ့ အနုပညာရှင် မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဇာတ်ကားတွေဆက်တိုက်ရိုက် ကူးနေရပြီး အောင်မြင်တဲ့ပရိတ်သတ်အချစ်တော်မင်းသမီးလေးပဲ ဖြစ်ပါတယ်။

သူမက လက်ရှိမှာတော့ ဘားအံမြို့တောင်ဝိုင်းကို ဇာတ်ကားရိုက်ကူးဖို့အတွက်ရောက်ရှိ နေတာဖြစ်ပါတယ်။ အမိုက်စားရှုခင်းတွေနဲ့ သူမရဲ့အလှက ပနံတင့်ပြီးလှပလွန်းနေပါ တယ်။ သူမရဲ့ အနုပညာခရီးလမ်းရဲ့အစဟာ အဆိုတော်ရဲလေးရဲ့ သီချင်း MTV မှာ စတင် ပါဝင်ခဲ့ခြင်းက ဖြစ်ပါတယ်။ သူမရဲ့အလှနဲ့ ချစ်စရာကောင်းမှုကြောင့် ပရိတ်သတ်တွေက သတိထားမိလာပြီး လက်ရှိမှာတော့ အောင်မြင်တဲ့အနုပညာရှင် မင်းသမီးတစ်ဦးဖြစ်နေ ပြီပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံစံလေး တွေကြောင့် ပရိတ်သတ်တွေကလည်း ချစ်ခင်အားပေးလာတာ အချိန်ကြာခဲ့ပြီပဲဖြစ်ပါတယ်။

သူမရဲ့တောင်ဝိုင်းမှာရိုက်ကူးခဲ့တဲ့ပုံရိပ်တွေက တကယ်ကိုပဲအသက်ဝင်ပြီး လှပလွန်းနေပါ တယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးလေး ယုသန္တာတင်နဲ့အတူ တောင်ဝိုင်းရဲ့အလှအပ တွေကို ပရိတ်သတ်ကြီး ကြည့်ရှုခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အလှ နှစ်ခုပေါင်းစပ်ပြီး ပြည့်စုံနေတဲ့ ဓာတ်ပုံတွေကို ဝေေ၀ဆာဆာဖော်ပြပေးလိုက်ပြီနော်။

Photo – Yu Thandar Tin’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။