ပရိသတ် အချစ်တော် မင်းသားချော ဟိန်းဝေယံ ကတော့သူရဲ့ အနုပညာ ခြေလှမ်းအသစ် အတွက် နေ့အိပ် ညမအိပ်ကြိုးစားနေတာပဲဖြစ်ပါတယ်။ပရိသတ်တွေ အရမ်းကို စိတ်ဝင်စား စောင့်မျှော်နေကြတဲ့ "မာယာကကြိုး" ရုပ်ရှင်ကားကြီး အတွက် တစ်ညလုံး ညဉ့်နက်တဲ့ အထိ Editတွေ ပြုလုပ်ခဲ့တယ် လို့သိရပါတယ်။ ပရိသတ်တွေ အတွက်အကောင်းဆုံး အနုပညာကြိုးစားမှု တွေတက်ဆက်နိုင်ဖို့နဲ့ အမြန်ဆုံး ပရိသတ်တွေကြည့်ရှု့ခံစားနိုင်ဖို့ ကြိုးစားနေတာ ပဲဖြစ်ပါတယ်။

ဟိန်းဝေယံရဲ့ လူမှုကွန်ယက်မှာလည်း "မာယာကကြိုးအတွက် Edit ဆက် အခုမှအိမ်ပြန် ရောက်တယ်ဗျာ နည်းနည်းတော့ အပင်ပန်းခံရတာပေါ့" ဆိုတဲ့စားလေးနဲ့ အတူပုံရိပ်လေးတစ်ချို့ မျှဝေထားတာပဲဖြစ်ပါတယ်။ တစ်ညလုံးနီးပါး အပင်ပန်းခံပြီး ကြိုးစားခဲ့တာ မနက်၄နာရီမှ အိမ်ကိုပြန်ရောက်ခဲ့တယ် လို့သိရပါတယ်။ ဟိန်းဝေယံ ကိုယ်တိုင် ယခုလိုညမျိုးများစွာကို ကျော်ဖြတ်ပြီး စိတ်ရောကိုယ်ပါ ကြိုးစားအားထုတ်နေတဲ့ "မာယာကကြိုး" ရုပ်ရှင်ကားကြီးကတော့ ပရိသတ်တွေ စောင့်မျှော်ရကြိုး နပ်စေမယ့် ဇာတ်ကားတစ်ကား ဖြစ်မယ်လို့ယုံကြည်ပါတယ်။  

"မာယာကကြိုး"ရုပ်ရှင်ဇာတ်ကားကြီး ကတော့ ထူးထူးခြားခြား မင်းသားချောဟိန်းဝေယံရဲ့ ကိုယ်ပိုင်ဇာတ်လမ်း လေးဖြစ်သလို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူး ခဲ့တဲ့ ဇာတ်ကားတစ်ကား ပဲဖြစ်ပါတယ်။ဒီရုပ်ရှင် ဇာတ်ကား ကြီးကတော့ လက်စားချေမှုများ၊ အငြိုးအတေးထားမှုများ ရဲ့ မကောင်းသောအဆုံးသတ်ကို ပညာပေးအဖြစ် ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ဟိန်းဝေယံနှင့်အတူ ဇေရဲထက်လည်းပါဝင်မှာဖြစ်ကာ ဖြတ်ဖောက်ချုပ် ပြုလုပ်ထားတဲ့ ကာရိုက်တာအဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။"မာယာကကြိုး"ရုပ်ရှင်ဇာတ်ကားကြီး မှာတော့ဟိန်းဝေယံ၊ဇေရဲထက်၊ ရတနာဗို၊အကယ်ဒမီမေသန်းနု၊ အကယ်ဒမီမေသဉ္ဖာဦး၊ ဆုထက်ကုဋေတို့နှင့် အတူ ဝါရင့် သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပြီး ဟိန်းဝေယံရဲ့ စိန်ခေါ်မှုတွေနဲ့ အစွမ်းကုန် ကြိုးစား ထားတဲ့ အနုပညာတင်ဆက်မှုတွေ ကိုမြင်တွေ့ရ မှာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ဟိန်းဝေယံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။