အများအားကျရတဲ့ အိမ်ထောင်ရေးမျိုးပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ထဲမှာ မင်းသမီးချော မိုးယုစံတစ်ယောက်လည်း အပါအဝင်ပါပဲ။

အားလပ်ရက်တိုင်းမှာ မိသားစုစုံစုံညီညီနဲ့ အပြင်မှာ ထမင်းလက်ဆုံဖြစ်လေ့ရှိတဲ့ မိုးယုစံ ဟာ ဒီဇင်ဘာလ(၁၈)ရက်နေ့မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူးအားလပ်ရက်လေးမှာလည်း အပြင်ထွက်လည်ဖြစ်တယ်လို့သိရပါတယ်။

ချစ်စရာကောင်းတဲ့ သားဦးလေးကို မွေးဖွားထားတာမကြာသေးတဲ့ မိုးယုဟာ ကရင်နှစ်သစ်ကူးနေ့မှာ ခင်ပွန်း နဲ့ သားလေးနဲ့အတူ အမှတ်တရပုံရိပ်တွေကို ဖေ့ဘုတ်အကောင့်မှာ တင်ထားတာပါ။

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးယုစံ ဟာ သူမကို အလိုလိုက်ပြီးချစ်ခင်မြတ်နိုးတဲ့ လက်တွဲဖော်ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားရသလို သားလေးတစ်ယောက်နဲ့အတူ မိသားစုဘဝလေး ဖြတ်သန်းနေတာပါ။

ပရိသတ်စိတ်ဝင်စားမှုတွေရရှိနေတဲ့ သူမရဲ့ ကိုယ်ရေးကိုယ်တာ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်ပေါ်ကနေ မကြာခဏ မျှဝေထားတာကိုတွေ့ရပါတယ်။

မိခင်တစ်ယောက်ရဲ့ဘဝကို ကျေနပ်ပိတိဖြစ်နေတဲ့ မိုးယု တစ်ယောက် အားလပ်ရက်မှာ မိသားစု နဲ့ အတူပျော်ရွှင်စွာပဲဖြတ်သန်းခဲ့တာကိုတွေ့ရပါတယ်။

မိုးယုရဲ့ သားလေးကတော့ ဓာတ်ပုံရိုက်တိုင်း အမြဲတမ်းပြုံးရွှင်နေတာမို့ ပရိသတ်တွေကတော့ အချစ်ပိုနေကြပါတယ်။

Source : Moe Yu San fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။