အခုခေတ်စားလာတဲ့ ကြက်ဥပြုတ် ပုံစံကတော့ လက်ဖက်ကြက်ဥ ပါပဲ။ ကြက်ဥကို အခွံနွှာလိုက်တဲ့အခါ ရလာတဲ့ ပုံစံကလည်း ဆွဲဆောင်မှု ရှိပြီး စိမ့်ပြီး မွှေးနေတဲ့ လက်ဖက်ကြက်ဥပါပဲ။ ၀ိတ်ချနေသူများ အတွက်လည်း သင့်တော်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာဆိုလည်း မမှားပါဘူး။ အခု တင်ဆက်ပေးမှာကတော့ ကြက်ဥ ၁၀ လုံးစာ အတွက်ဖြစ်ပြီး များလို့ လျှော့ချင်တယ်ဆိုရင်လည်း ပါ၀င်ပစ္စည်း ပမာဏတွေကိုပါ အချိုးတူ လျှော့ချသွားဖို့ မမေ့ပါနဲ့နော် ။

ပါဝင်ပစ္စည်း

-ကြက်ဥ ၁၀လုံး

-လက်ဖက်ခြောက် ထမင်းစားဇွန်း ၂ဇွန်း

- ထန်းလျက် ၄ လုံး (နာနတ်ပွင့် ၄ပွင့် ထည့်လျှင် ပိုကောင်းပါတယ်)

- ဂျင်း ၂ပြား

- ခရုဆီ အနည်းငယ်

- တရုတ်မဆလာ အနည်းငယ်

- ငရုပ်ကောင်းလှော်မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း

- သကြား ထမင်းစားဇွန်း ၁ဇွန်း

- ပဲငံပြာရည် အကြည် ၁ဇွန်း၊ အနောက် ၃ဇွန် 

လုပ်နည်း

- ကြက်ဥကို ၁၀မိနစ်ခန့် ပြုတ်ပါ။

- အအေးခံပြီး ဇွန်းနဲ့ အခွံကို အက်အောင် အသာလေးရိုက်ပေးပါ။

- ထို့နောက် အိုးထဲသို့ ရေ (ကြက်ဥ နစ်သလောက်) ထည့်ပြီး ဖော်ပြပါ ပါ၀င်ပစ္စည်းများ အားလုံးကို အိုးထဲထည့်ပြီး ပြုတ်ပါ။

- အိုးဆူလာတဲ့အခါ ကြက်ဥများ ထည့်၍ မီးအေးအေးနဲ့ မိနစ်၃၀ ခန့် ပြုတ်ပါ။

အခုဆိုရင်တော့ လက်ဖက်ကြက်ဥ ရရှိပြီပဲ ဖြစ်ပါတယ်။ စားချင်ရင် စားသုံးလို့ ရပါပြီ။

အရသာ ပိုကောင်းချင်တယ် ဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ကြက်ဥပြုတ်ရည်များနဲ့ အတူ တစ်ည သို့မဟုတ် နှစ်ည စိမ်ထားပါ ။ ကြက်ဥအနှစ်ထဲသို့ အရသာများ ပို၀င်ပြီး စားကောင်းမှာပဲ ဖြစ်ပါတယ်။ ပူပူလေး ကြိုက်တယ် ဆိုရင်တော့ ချက်ချင်း စားသုံးနိုင်ပါတယ်။

Credit: Aung Kyaw Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။