စိတ်သဘောထားပြည့်ဝပြီး ပျော်ပျော်နေတတ်တဲ့အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် ကျော်ကျော်ဗိုလ် ကလည်း လူချစ်လူခင်များတဲ့ မင်းသားတစ်လက်ပါ။

ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ်ဟာ ဒီနေ့မှာ သူ့ရဲ့ ဖေ့ဘုတ်အကောင့်ကနေ ပရိသတ်တွေကို သတင်းစကားတစ်ခု ကို အသိပေးထားပါတယ်။

အဲ့ဒါကတော့ ကျော်ကျော်ဗိုလ်မှာ သူတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပို့စ်ကို Like အရေအတွက်များများရတဲ့အပေါ် မူတည်ပြီး အလှုတစ်ခုပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

နှစ်သစ်ကူးအလှုအနေနဲ့ ပရိသတ်တွေပါ ကုသိုလ်ရအောင် အလှုလုပ်မှာဖြစ်တယ်လို့ အခုလို ရေးသားထားပါတယ်။

"" အခု Post အောက်မှာ

၁. Like 1 ခု = 3 ကျပ်

၂. Comment 1 ခု = 2 ကျပ်

၃. Share 1 ခု = 1 ကျပ်

သတ်မှတ်ပါမယ်

စုစုပေါင်းရတဲ့ပိုက်ဆံတွေကို နှစ်သစ်ကူးအလှုူအနေနဲ့

ပရဟိတလုပ်ငန်းတခုခုကိုလှုူပါမယ်။

အားလုံးကိုယ်စားကျွန်တော့်အနုပညာချွေးနည်းစာနဲ့လှုူမှာပါ။

( Minimum=10,000ကျပ်,Maximum=500,000ကျပ်)အတွင်း

ဘာလို့လည်းဆိုတော့ ...

သံသရာမကုန်သေးသ၍...ခင်ဗျားတို့အားလုံးနဲ့ရေစက်ဆုံချင်သေးလို့

(လက်တွေ့ဘဝထဲမှာပဲဖြစ်ဖြစ်,ပုံရိပ်ရောင်ဘဝထဲ

မှာပဲဖြစ်ဖြစ်ပေါ့ )

That’s My Idea

ကျော်ကျော်ဗိုလ့်စိတ်ကူး

#TogetherWithKyaw2017"" ဆိုပြီး သူ့ရဲ့ စိတ်ကူးကောင်းလေးကို အသိပေးထားတာပါ။

အလှုလုပ်ဖို့ကို သွယ်ဝိုက်တဲ့နည်းလေးနဲ့ ပြောပြထားတဲ့ ကျော်ကျော်ဗိုလ်ရဲ့ စိတ်ကူးလေးက စိတ်ဝင်စားစရာကောင်းသလို သူ့ရဲ့ အနုပညာချွေးနည်းစာနဲ့ လှုတာကို ကြည့်ခြင်းအားဖြင့် ပရိသတ်တွေရဲ့ကျေးဇူးကိုပါ မမေ့တဲ့ စိတ်ထားလေးကို မြင်နိုင်ပါတယ်။

ကျရာဇာတ်ရုပ်သဏ္ဍန်လုပ်သရုပ်တူ သရုပ်ဆောင်နိုင်တဲ့ ကျော်ကျော်ဗိုလ်ဟာ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်တဲ့မိသားစုဘဝလေးဖြတ်သန်းနေသူဖြစ်ပါတယ်။

အနုပညာအလုပ်တွေအနေနဲ့ကတော့ သူဟာ ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်ဗိုလ်ရဲ့ ပို့စ်လေးကို Like ပေးခြင်းအားဖြင့် သူ့ရဲ့ အလှုလေးအထမြောက်အောင် ကူညီပေးလိုက်ပါဦးနော်

Source - Kyawkyawbo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။