တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်အဖွဲ့ဖြစ်တဲ့ SHINee အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Jonghyung ရဲ့ ဈာပန အခမ်းအနားပွဲကို မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ သူ့ရဲ့ ပရိသတ်တွေကိုပါ တတ်ရောက်ဖို့ စီစဉ်ခဲ့ပါတယ်..။

အခုလို ပရိသတ်တွေပါ တတ်ရောက်နိုင်ဖို့အတွက် SM Entertainment က စီစဉ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်..။

Jonghyun ကို Asan Medical Center Funeral Home ရဲ့ ပထမထပ်၊ အခန်း ၃ မှာ နောက်ဆုံးအနေနဲ့ လာရောက် ဂါရဝပြုနိုင်ကြောင်းကို ဒီဇင်ဘာ(၁၉)ရက်နေ့ မနက်ပိုင်းမှာ SM Entertianment က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်..။

Jonghyun ရဲ့ ဈာပနအခမ်းအနားကိုတော့ SHINee အဖွဲ့သားတွေအပြင် မိတ်ဆွေသူငယ်ချင်းများနှင့်အတူ အခြားအနုပညာရှင်များကလည်း ဝမ်းနည်းစွာ တတ်ရောက်ခဲ့ကြပါတယ်..။

Jonghyun ရဲ့ဈာပနမှာ အတူရှိနေနိုင်ဖို့အတွက် SHINee အဖွဲ့ဝင်တွေကလည်း သူတို့ရဲ့ ရှိသမျှ အစီအစဉ် အားလုံးကို ဖျက်ထားတယ်လို့ သိရပါတယ်..။

နာမည်ကြီး K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SHINee အဖွဲ့ဝင် Jonghyun ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ (၆) နာရီမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်..။

SHINee အဖွဲ့သားတွေအပြင် ပရိသတ်တွေနဲ့ အခြား အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေကပါ Jonghyun ရုတ်တရက် သေးဆုံးသွားတဲ့ အတွက် မယုံနိုင်လောက်အောင် ဝမ်းနည်း ကြေကွဲခဲ့ကြရပါတယ်..။

Joghyun ကို ဂန်နမ်းဂုမှာရှိတဲ့ တိုက်ခန်းမှာ ဒီဇင်ဘာလ (၁၈) ရက် ညနေပိုင်းလောက်က မေ့မြောနေတဲ့ အနေအထားနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ပေမယ့် အသက်မမှီတော့ဘဲ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်..။

အလောင်းကို စစ်ဆေးရာမှာတော့ အဆိပ်ကြောင့် သေဆုံးခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ သေကြောင်းကြံစည်ခြင်း တစ်မျိုးဖြစ်တဲ့ ဒယ်အိုးထဲမှာ မီးလောင်နေတဲ့ ကျောက်မီးသွေးတောင့်တွေထည့်ပြီး အဆိပ်ငွေ့ရှုကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။