စိတ်ဓာတ်ကျခြင်းဆိုတဲ့ဝေဒနာဟာ လူသားတွေအတွက်အလွန်မှကြောက်စရာကောင်းတဲ့ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုရောဂါတွေဟာ လူတစ်ယောက်ကိုသေစေနိုင်တဲ့အထိတောင် စွမ်းဆောင်နိုင်ပါတယ်။ ဘဝမှာ အဆင်မပြေမှုတွေ ကြုံရတဲ့အခါ စိတ်ဓာတ်တွေကျဆင်းလာပြီး လူတစ်ချို့ဟာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းသွားကြပါတယ်။ ဒီလိုနည်းလမ်းတွေဟာ မြတ်စွာဘုရားဟောကြားတဲ့ ဒေသနာနဲ့လည်မကိုက်ညီသလို အဖန်ငါးရာငါးကမ္ဘာခံစားရမဲ့ ၀ဋ်ဒုက္ခကိုလည်းခံစားရမှာပါ။ဒီတစ်ခါဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ မိမိကိုယ်ကိုအဆုံးစီရီမှုအများဆုံးလုပ်တဲ့နေရာတွေပဲဖြစ်ပါတယ်။

၁။ Aokigahara Forest

ဖူဂျီတောင်အနားမှာရှိတဲ့ ထိုတောအုပ်လေးထဲမှာ မိမိကိုယ်ကိုအဆုံးစီရင်ကြတဲ့နှုန်း များပြားလာတဲ့အတွက်ဒေသခံရဲတွေဟာ အဆိုပါတောအုပ်ဝန်းကျင်တစ်ဝိုက်ကို တားမြစ်နယ်မြေအဖြစ်တောင် ပြုလုပ်ခဲ့ရပါတယ်။ 

၂။ Golden Gate Bridge

အမေရိကန်နိုင်ငံမှာရှိတဲ့ အဆိုပါ တံတားဟာ ကမ္ဘာပေါ်မှာ မိမိကိုယ်ကိုအဆုံးစီရင်ကြတဲ့နေရာအဖြစ် ထင်ရှားလှပါတယ်။ တံတားကြီးရဲ့သက်တမ်းဟာ (၇၅)နှစ်နှစ်ရှိပြီဖြစ်ကာ တံတားဖွင့်လှစ်အချိန်မှစ၍ ယခုအချိန်အထိ မိမိကိုယ်ကို အဆုံးစီရင်မှုပေါင်း (၁၅၀၀)ကျော်ဖြစ်ပွားခဲ့ပါတယ်။

၃။ Niagara Falls

နိုင်ဂါရာရေတံခွန်ဟာ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံကြားမှာရှိတာဖြစ်ပြီး အလွန်လှပတဲ့ရေတံခွန်လေးတစ်ခုဖြစ်ပါတယ်။ သို့သော်ထိုရေတံခွန်မှာ နှစ်တိုင်း လူအယောက်(၂၀)မိမိကိုယ်ကို အဆုံးစီရင်ပီး သေဆုံတဲ့ နာမည်ဆိုးလည်းရှိနေပါတယ်။

၄။ Clifton Bridge

အင်္ဂလန်နိုင်ငံမှာရှိတဲ့ အဆိုပါတံတားဟာ ၁၈၆၄ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီး သက်တမ်းရင့် တံတားတစ်စင်းလည်းဖြစ်ပါတယ်။ ထိုတံတားဖွင့်လှစ်ပြီးချိန်မှစ၍ ယနေ့အချိန်ထိ မိမိကိုယ်ကိုမဆုံးစီရင်မှုပေါင်း (၂၀၀၀) ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။

၅။Eiffel Tower

ကမ္ဘာကျော် အီဖယ်လ်မျှော်စင်ကြီးဟာလည်း Suicideလုပ်တဲ့နေရာအဖြစ် နာမည်ကြီးလှပါတယ်။ အဆိုပါ မျှော်စင်ကြီး စတင်တည်ဆောကိပြီးစီးချိန်ကနေ ယခုအထိ လူပေါင်း ၃၅၀ ကနေ ၄၀၀ အထိ ကိုယ့်ကို အဆုံးစီရင်ခဲ့ကြပါတယ်။

Source : Most famous Suicide Place(Google)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။