အမျိုးသမီးအများစုက တစ်ဦးနဲ့တစ်ဦး ဟော်မုန်းအပြောင်းအလဲ မတူညီကြပါဘူး။ ခံစားရတဲ့ ဝေဒနာတွေ လည်းမတူညီကြပါဘူးနော်။ တစ်ချို့ကတစ်ကိုယ်လုံး မထချင်မသယ်ချင်လောက်အောင် ညောင်ညား ကိုက်ခဲနေတတ်ပါတယ်။ တစ်ချို့ကျတော့ ဝေဒနာခံစားရလည့်မရှိပါဘူး။ ဒီလိုတွေဖြစ်နေတယ်ဆိုပေမဲ့ လည်းစိတ်ပူစရာမလိုပါဘူး သဘာဝအရ ဖြစ်လေ့ဖြစ်ထရှိတာပါ။ အမျိုးသမီးအများစုမှာ ဓမ္မတာမလာခင် ရင်သားတွေ နာကျင်တာ၊ တင်းတာတွေ ခံစားရပါတတ်ပါတယ်။ နောက်အကြောင်းတစ်ခုကတော့ အပျိုဖော်ဝင်စအချိန် ရင်သားတစ်သျှူးတွေ ဖွံ့ဖြိုးနေချိန် ဟော်မုန်းတွေကလည်း ပြောင်းလဲနေတတ်ပါတယ်။ ဒီလိုအချိန်မှာ နာကျင်နေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းကလည်း ရင်သားနာကျင်မှု ၊ရောင်ရမ်းမှု ကိုဖြစ်ပေါ်စေပါတယ်နော်။

အမျိုးသမီးအများစုမှာကင်ဆာ မဟုတ်တဲ့အဖုအကျိတ်လေးတွေရှိတတ်ပါတယ်။ အဖုအကျိတ်လေးတွေဟာ အရည်အိတ်ဖြစ်ပြီး တင်းရင်းနာကျင်ခြင်း ၊မသက်မသာဖြစ်ခြင်းများ ခံစားနေရတတ်ပါတယ်။ သွေးဆုံးချိန် ရောက်ရင်တော့ သူ့အလိုလိုသက်သာသွားတတ်ပါတယ်။ ရင်သားနာကျင်ခြင်းက စိတ်ဖိစီးမူ့ များခြင်း၊ စိတ်ဓာတ်ကျခြင်းတို့နှင့် ဆက်စပ်ဖြစ်တတ်ပါတယ်။အမျိုးသမီးတွေ ဟာသွေးဆုံးချိန်ကို ရောက်ရင်တော့ ချွေးစေ့ထွက်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ကို်ယ်အလေးချိန်မြင့်တက်ခြင်း၊ ဆံပင်တွေကျဲလာခြင်း၊တို့နှင့် အတူရင်သားနာကျင်တတ်ပါတယ်။ သန္ဓေတားဆေး သောက်တာများ ရင်လည်းဒီလိုဝေဒနာ ခံစားရတတ်ပါတယ်။ ကဖင်းဓာတ်များခြင်းကလည်း တစ်ချို့အမျိုးသမီးတွေမှာ ရင်သားတောင့်တင်းမှုတွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။

အထူးသဖြင့် မိန်းကလေးတွေဟာ အကိုက်ခဲပျေက်ဆေးတွေမှီဝဲတတ်ကြပါတယ်။ အဲဒီဆေးတွေကလည်း ရင်သားတင်းမာမှုကို ဖြစ်ပေါ်စေပါတယ်။နောက်တစ်ခုကတော့ ကိုယ်နဲ့မသင့်တော်တဲ့ ဘရာစီယာတွေ ဝတ်ဆင်ခြင်းကလည်း ရင်သားတွေတောင့်တင်းတာ နာကျင်တာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ဒီဝေဒနာ တွေပျေက်ကင်းဖို့အတွက် ကျန်းမာရေးလေ့ကျင့်ခန်းတွေ၊ ဆေးဝါးတွေသောက်တဲ့အခါ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှာ သောက်စေချင်ပါတယ်။ အမျိုးသမီးအများစုဟာ ရာသီမတိုင်မှီ ရင်သားနာကျင်ခြင်း၊တင်းရင်း ခြင်းများဖြစ်နေတဲ့အတွက်လညး် စိတ်မပူကြပါနဲ့နော်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝေဒနာပါ ။ ရာသီလာပြီးသွားရင် တော့ သူအလိုလို ပျောက်ကင်းသွားပါလိမ့်မယ်။ မိန်းကလေးတွေအားလုံး ကျန်းမာရွင်လန်းနိုင်ကြပါစေ။

Source : Good Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။