အသံကောင်းကောင်းလေးနဲ့ အဆိုတော်မလေးတွေထဲမှာ နီနီခင်ဇော်ဆိုတာ ထိပ်ဆုံးနေမှာရှိနေတဲ့သူတစ်ယောက်ပါ။ အချစ်ကို ရူးသွပ်သူ တစ်ယောက်မဟုပ်တော့ပေမယ့် အရင်က ခံစားချက်အချို့နဲ့ ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ "အချစ်ကြောင့် နာကြည်းမှုတွေ ကြုံခဲ့ရပြီး ကိုယ်ကိုယ်ကို အဆုံးစီရင်ဖို့ အထိ ရူးသွပ်ခဲ့ဖူးတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်" ဟု နီနီခင်ဇော်ကဆိုလာပါတယ်။

"နီနီကိုယ့်ဘဝကို ကိုမလိုချင်တော့လောက်အောင် ဖြစ်ခဲ့ဖူးတာပါ။ နောက်ဆုံးအဆုံးထိတွေးဖူးပါတယ်။ အမှန်တော့ အဲ့ဒါတွေက ကလေးအတွေးတွေပါပဲ။ အမှန်တော့ မတွေးသင့်ပါဘူး။ လူတစ်ယောက်ကြောင့် ကိုယ်ဘဝကို ကိုယ်အများကြီးအဆုံးရူံးမခံသင့်ဘူးလို့ ထင်ပါတယ်။ နောက်ပိုင်းအတွေးတွေပြောင်းလဲကာ ကိုယ့်ကိုယ်ကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ခဲ့ရတာပါ။ အချစ်ဆိုတဲ့အရာကို တိုက်ဆိုင်ဖူးသလို သေဆုံးခဲ့ဖူးတယ်။ စိတ်လည်းနာခဲ့တယ်။ ဘဝမှာ အချစ်ကြောင့် အချိန်တွေ ကုန်ခဲ့ဖူးတယ်။ အများကြီးလည်း ဆုံးရူံးသွားတယ်။ ထပ်ပြီးတော့လည်း ဆုံးရူံးမှုတွေ အဖြစ်မခံနိုင်အောင် ဘဝကို လျှောက်လှမ်း ခဲ့ပါတယ်။ အေးအေးဆေးဆေး ကိုယ်မိသားစုနဲ့ ပဲဖြတ်သန်းခဲ့ပါတယ်"လို့ ပြောပြခဲ့ပါတယ်။

နီနီခင်ဇော်ဟာ ၂၀၁၇ ခုနှစ်အတွင်းက ယခင်အိမ်ထောင်ကျဖူးသည့် ဆိုသောလူမှုရေးကိစ္စသည် လူမှုကွန်ရက်စာမျက်နှာများထက်တွင် ပျံ့နှံ့ခဲ့ပြီး တစ်ဖက်မှာလည်း ပတ်သက်ခဲ့သည့် အမျိုးသားက ရှင်းလင်းပြောဆိုသည့် စာများသည်လည်း လူမှုကွန်ရက်နှင့် မီဒီယာများ၏ စာမျက်နှာများထက်တွင်လည်း ဖော်ပြခဲ့သည် အထိဖြစ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ဘယ်လိုအခတ်အခဲပဲကြံုကြံု သူမကတော့ အနုပညာလမ်းကြောင်းကို ဆက်လက်လုပ်ဆောင်နေပါတယ်။ သူမရဲ့တစ်ကိုယ်တော့ရှိုးပွဲများနှင့် နီနီခင်ဇော် နှုတ်ခမ်းနီ ထုတ်ကုန်ကိုပါ ထုတ်လုပ်နိုင်ခဲ့သည့် အထိ ပိုမိုအောင်မြင်လာခဲ့သူလည်းဖြစ်ပါတယ်။

Source - MMTDH

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။