အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်သူကတော့ အလှမယ် ရွှေအိမ်စည် ပါပဲ။ အပစ်ဆိုစရာမရှိတဲ့ ခန္ဓာကိုယ်အနေအထားနဲ့ လှပမှုတို့ကို ပိုင်ဆိုင်ထား သူတစ်ယောက်ပါပဲ။ ပရိသတ်တွေသဘောကျတဲ့အချက်တွေထဲမှာ လှပမှုတစ်ခုပဲ မဟုတ် ပါဘူး။မြင်ကွင်းမဂ္ဂဇင်း ရိုက်ကူးရေး မှာတော့ ပန်းရောင်ဝတ်စုံကိုဝတ်ဆင် ထားတဲ့ ညှို့အားပြင်းအလှနဲ့ ရွှေအိမ်စည်ကို မြင်တွေ့ရမှာပါ။

ဒီဇင်ဘာ ၁၇ရက်နေ့ကတော့ MC molly cosmetics event ပွဲလေးမှာ ဒီဇိုင်နာ ကျော် ထက်အောင် ရဲ့ဆန်းသစ်တဲ့ ဝတ်စုံလေးနဲ့ ပွဲတက်လာတဲ့ သူမကို မြင်တွေ့ရပါတယ်။ မကြာသေးမီ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ “ အောင်သီရိ” စိန်ဆိုင်ဖွင့်ပွဲမှာလည်း မိုးပြာရောင် ဝတ်စုံနဲ့ တက်ရောက်ခဲ့တဲ့သူမရဲ့ ဖက်ရှင်ကတော့ ပရိသတ်အကြား စိတ်ဝင်စားတစ်ခု ဖြစ်ခဲ့ပါတယ်။ လတ်တလောမှာ တော့ အဆက်မပြတ် မဂ္ဂဇင်းရိုက်ကူးရေးများနဲ့ ပွဲတွေတော်တော်များများမှာ သူမကို မြင်တွေ့ရပါတယ်။

အချစ်ရေးကိုတော့ သူမက ပရိသတ်ကို ပွင့်လင်းစွာပြောပြထားပါတယ်။ သူမကိုပရိသတ်တွေ သဘောကျတဲ့အချက်တွေထဲမှာ ပွင့်လင်းကာ ဟန်ဆောင်မှုကင်းတဲ့အချက်လည်း ပါဝင် ပါတယ်။ စူပါမော်ဒယ်တစ်ယောက်အဖြစ် မော်ဒယ်လောကမှာ အောင်မြင်နေတဲ့ သူမရဲ့ ပုံရိပ်များကို Myanmar Load ပရိသတ်ကြီးအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

Source – Shwe Eain Si FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။