နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းစုရတီစိုးတစ်ယောက် ဆဒ္ဒန်လိုဏ်ဂူ ကို ရောက်ရှိနေတာဖြစ်ပါတယ်။ အပျော်တမ်းလှေစီးပြီး သူမပျော်နေပုံလေးက ကြည်နူး စရာလေးပါ။ ဘားအံမြို့ကို ကရင်နှစ်သစ်ကူးအတွက် ဖျော်ဖြေရေးခရီးစဉ်အနေနဲ့ရောက်ရှိ နေတာဖြစ်ပြီး သူမက ဘားအံမြို့ရဲ့အထင်ကရနေရာတွေကို လည်ပတ်နေတာပဲဖြစ်ပါတယ်။ အမြဲတမ်းချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေရဲ့ အသည်းကျော် လေးတစ်ယောက်ဖြစ်လို့နေပါတယ်။ ပြောက်ကြားအင်္ကျ ီခါးတိုလေးကိုဝတ်ဆင်ထားပြီး အနက်ရောင်ဘောင်းဘီရှည်လေးနဲ့ သူမရဲ့ပုံစံလေးက ကလေးလေးတစ်ယောက်လို ချစ် စရာကောင်းနေပါတယ်။

သူမရဲ့ချစ်သူ အဆိုတော် G-Fatt ကလည်း သူမကိုအရမ်းဂရုစိုက်ပြီး ချစ်တာကြောင့် သူမက သာယာတဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သူမနေမကောင်းတာဖြစ်ဖြစ် ခရီးသွားနေတာဖြစ်ဖြစ် G-Fatt ရဲ့ ချစ်စာလွှာလေးတွေက အမြဲလိုလိုသူမကို ကျေနပ်စေပါ တယ်။ ပရိတ်သတ်တွေကလည်း G-Fatt ရဲ့ နူးညံ့မှုစာလွှာလေးတွေကို ကြွေပြီးရင်းကြွေနေ ကြပါတယ်။ နှစ်ယောက်သားခရီးတွေအတူတူသွားပြီး ပျော်နေပုံလေးက တကယ့်ကို ကြည် နူးစရာကောင်းတဲ့ Relationship လေးတစ်ခုပါပဲ။

နန်းစုရတီစိုးက သူမရဲ့ Facebook မှာ ဒီနေရာလေးမှာ လှေစီးရတဲ့ ခံစားမှုကို ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး ... ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးပျော်ရွှင်နေတဲ့သူမရဲ့ ပုံရိပ် တွေကိုကြည့်ရင်း သူမရဲ့ ပျော်ရွှင်မှုတွေက ပရိတ်သတ်တွေကိုကူးစက်လာပါတယ်။ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးမြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ် နော်။

Photo – Nansu Yati Soe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။