ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ထိခိုက်စေတယ်ဆိုတာကို အများစုက သိပြီးသား ဖြစ်သော်လည်း ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်ဖို့ ခက်ခဲကြပါတယ်။ ဆေးလိပ်သောက်ခြင်းက အချိန်ကြာလာတဲ့အခါ မကြာခဏ ချောင်းဆိုးခြင်း ရင်ကျပ်ပန်းနာခံစားရခြင်းတို့ ဖြစ်စေပြီး အဆုပ်မှာလည်း ဆေးဂျိုးတွေက အလွှာလေးတွေအဖြစ် ရှိနေတတ်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အခြားသော ဆဲလ်များကိုပါ ပျက်စီးစေပြီး လည်ပင်းနှင့် ပါးစပ်ကင်ဆာများပါ ဖြစ်ပွားနိုင်ပါတယ်။

ဒီလိုရောဂါများကို ကာကွယ်နိုင်ဖို့ အဆုပ်ထဲမှာရှိတဲ့ ကပ်နေသော ဆေးဂျိုးများကို မဖြစ်မနေ ဖယ်ရှားသင့်ပါတယ်။ ဒါ့ကြောင့် ဆေးဂျိုးများကို ဖယ်ရှားဖို့နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများကို ကျန်းမာလာစေဖို့အတွက် အိမ်တွင်းကုထုံး ဆေးညွန်းလေးကို ဖော်ပြပေးလိုက်ပါတယ်။  

ပါဝင်သောပစ္စည်းများ

- ကြက်သွန်နီ တစ်ကီလို

- တစ်လက်မခန့် အခွံနွှာထားသော ချင်း (ဂျင်း)

- ရေ တစ်လီတာ

- နနွင်း စားပွဲတင်ဇွန်း ( ၁) ဇွန်း

- ပျားရည် (၄၀၀) ဂရမ်

ပြုလုပ်ပုံ အဆင့်ဆင့်

(၁) ရေတစ်လီတာကို ပွက်ပွက်ဆူအောင် ကျိုပါ။

(၂) ရေဆူနေချိန်မှာ ပါးပါးလှီးထားသော ကြက်သွန်နီနှင့် နုပ်နုပ်ဆင်းထားသော ဂျင်းကိုထည့်ပါ။

(၃) ကြက်သွန်နီ နှင့် ဂျင်းထည့်ပြီး နောက် နနွင်းကို ထပ်ထည့်ပါ။

(၄) မီးအပူကို လျှော့ပြီး ရေတစ်ဝက်ခန့် ကျသည့်အထိ ကျိုချက်ပါ။

(၅) အအေးခံပြီး ရေစစ် (သိုမဟုတ်) ပိတ်စဖြင့်စစ်ပါ။

(၆) ပျားရည်နှင့် ရောစပ်ပြီး ရေခဲသေတ္တာ ထဲတွင် သိမ်းဆည်းထားပြီး သောက်သုံးနိုင်ပါပြီ။

ထိုဆေးရည်ကို အစာ မရှိချိန်တွင် မနက် စားပွဲတင်ဇွန်း (၂) ဇွန်း၊ ညပိုင်း ထမင်းမစားမီ (၂) နာရီ အလိုတွင် စားပွဲတင်ဇွန်း (၂) ဇွန်း ပုံမှန် သောက်ပေးပါ။ အဆုပ်ကျန်းမာရေး ကောင်းမွန်ပြီး ဆေးဂျိုးများကိုလည်း ဖယ်ရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကို ဆေးလိပ်သောက်တဲ့ သူငယ်ချင်းတွေသိအောင် မျှဝေပေးလိုက်ပါဦးနော်။

ဆေးလိပ်ဖြတ်တာကတော့ အကောင်းဆုံးပါပဲ။ တကယ်လို့ ဆေးလိပ်မဖြတ်နိုင်လဲ ဒီနည်းကို စမ်းကြည့်ကြပါနော်။ 

သတင်းအရင်းအမြစ် - ကျန်းမာရေးဗဟုသု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။