ကမ္ဘာပေါ်မှာ အတိုးတတ်ဆုံးနိုင်ငံတွေထဲမှာ ပါ၀င်တဲ့ ဆွစ်ဇာလန်နို်င်ငံဟာ နည်းပညာပိုင်းမှာလည်း အဆင့်အတန်းမြင့်တီထွင် ဖန်တီးနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာ့အမတ်စောက်ဆုံးကြိုးဆွဲရထားကိုဆွစ်ဇာလန်နိုင်ငံ

ရှိပြည်သူတွေအတွက်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ခရီးသည် တွေမတ်တပ်ရပ်စီးနိုင်ဖို့အထူးစနစ်တကျဆောက်လုပ်ထား

တဲ့ဆလင်ဒါပုံရထားလုံးတွေကိုသေချာအသုံးပြုထားပါ တယ်။

ကြိုးဆွဲရထားဟာရထားလမ်းရဲ့အမတ်စောက်ဆုံးနေရာ

(၁၀၀)မီတာအကွာအဝေးအကျော်(၁၁၀)မီတာကို တက်ချိန်ကုန်းလျောမှာရထားတွဲကြမ်းပြင်တွေကိုအလိုက်သင့်

တိမ်းစောင်းပေးထားပါတယ်။ရထားလမ်းကို Schwyz

(ရှာဝစ်ဇ်)မြို့ငယ်မှ Stoos(စတူးစ်)ရဲ့ကားသွားလာလို့မရတဲ့ Alpine(အယ်လ်ပိုင်း)ကျေးရွာအထိပြေးဆွဲထားပါတယ်။

The Stoos Bahn(သည်စတူးစ်ဘန်း)ကြိုးဆွဲရထားတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ(၅၃)သန်းအကုန်ကျခံကာ (၁၄)နှစ်ကြာ အချိန်ယူခဲ့ရပြီး၊အစီစဉ်ရေးဆွဲထားတာထက်(၂)နှစ်ပိုကြာမြင့် ခဲ့တယ်လို့သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံက တောင်တန်းဒေသတွေ ရှိကလေးငယ်တွေဟာကျောင်းတက်ဖို့် cable ကားတွေကိုသာ ပုံမှန်အသုံးပြုနေရတဲ့အတွက် လမ်းကြောင်းတွေကိုကျေးရွာတွေနဲ့ ဆက်သွယ်သွားမှာဖြစ်တဲ့အပြင်ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်မှုအသစ် တစ်ခုအဖြစ်စီစဉ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ခရီးစဉ်ကြာမြင့်ချိန်ကအလွန်ဆုံး(၄)မိနစ်သာရှိ တဲ့အတွက် ကြောက်တတ်တဲ့ခရီးသည်တွေအတွက်စိတ် သိပ်ပူစရာမလိုဘူးလို့သိရကြောင်းဒီဇင်ဘာလ(၁၈)ရက် ဘီဘီစီသတင်းမှာဖော်ပြထားပါတယ်။

Source – Central News Bureau 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။