Wantedအဖွဲ့ရဲ့အဆိုတော် ရောခ့်ကာကြီး ဖော်ကာတစ်ယောက်ကတော့ သိပ်မကြာခင်မှာ ကလေးအဖေအဖြစ်ရာထူးတိုးတော့မှာပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ဖော်ကာရဲ့ ဇနီးချောလေး ပွင့်ဖြူအောင်က သူမရဲ့ လူမှုကွန်ယက်မှာ “ကိုယ်ကတော့ အမွှာလေးမကြိုက်ပါကွယ် မထိန်းနိုင်လို့”ဆိုပြီးဝေမျှပေးထားတာပါ။

ဒီသတင်းကို သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့အပေါင်းအသင်းတွေနဲ့ပရိသတ်တွေကလည်း ၀မ်းမြောက်တဲ့စာလေးတွေကိုပို့ပေးကြပါတယ်။ ဖော်ကာတစ်ယောက်ကတော့ အခုချိန်မှာ သူ့အတွက်အပျော်ဆုံးအချိန်အဖြစ်ရှိနေတာလဲဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိသားစုနဲ့အတူ ခရီးတွေလည်းထွက်ရင်း အပန်းဖြေခဲ့ပါသေးတယ်။

ဖော်ကာတို့ဇနီးမောင်နှံဟာ သိပ်မကြာသေးခင်ကမှ ဆွမ်းကျွေးအလှူကိုလည်းသူတို့ရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖော်ကာဟာ လတ်တလောမှာတော့ သီချင်းခွေထွက်ဖို့စီစဉ်နေပြီး ယခုလိုမင်္ဂလာသတင်းကတော့ သူ့အတွက် အင်အားအသစ်တွေ ပိုပြီး တိုးပွားလာစေတော့မှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သိပ်မကြာခင်မှာ ကလေးအဖေရာထူးတိုးတော့မယ့် ဖော်ကာအတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါအုန်းနော်။

Source : Pwint Phyu Aung ( facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။