SHINee အဖွဲ့သားတွေဟာ သူတို့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Jonghyun ဈာပန အခမ်းအနားပွဲမှာ Jonghyun ရဲ့မိသားစုတွေနဲ့အတူ ရှိနေပေးခဲ့ပါတယ်..။

SHINee အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Key၊ Minho၊ Taemin နဲ့ Onew တို့ဟာ Jonghyun ရဲ့ဈာပနအခမ်းအနားပွဲမှာ မိသားစုဝင်တွေနဲ့အတူ ဈာပနကျင်းပသူ နေရာမှာ အတူရှိနေပေးခဲ့ကြတာ ဖြစ်ပါတယ်..။

Jonghyun ရဲ့ဈာပနကို လေးစားသမှုနဲ့ မှတ်မှတ်ရရ လာရောက်သူတွေကို ပြန်လည်ဧည့်ခံပေးဖို့အတွက် သူတို့က တာဝန်ယူပေးခဲ့ကြတာ ဖြစ်ပါတယ်..။

တောင်ကိုရီးယားနိုင်ငံမှာ ဈာပနပွဲမှာ လာရောက်တဲံ ဧည့်သည်တွေကို ဧည့်ခံနှုတ်ဆက်တဲ့ နေရာမှာ မိသားစုဝင်တွေထဲက အမျိုးသားတစ်ဦးက တာဝန်ယူပေးလေ့ရှိတာ ဖြစ်ပါတယ်..။

ဒါပေမယ့် Jonghyun ရဲ့ ဈာပနအခမ်းအနားပွဲမှာတော့ SHINee အဖွဲ့ဝင်တွေက ပြုလုပ်ပေးခဲ့ပါတယ်..။

Jonghyun ဟာ ဖခင်ဖြစ်သူနဲ့ မရင်းနှီးသလို ဆွေမျိုးထဲမှာလည်း အခြား လုပ်ပေးမယ့် အမျိုးသားတစ်ဦးမှ မရှိတဲ့အတွက် SHINee အဖွဲ့ဝင်တွေက မိသားစုဝင် နေရာမှာ လုပ်ပေးကြတာ ဖြစ်ပါတယ်..။

ဈာပန အခမ်းအနားပွဲမှာ Jonghyun ရဲ့ ဖခင်နဲ့ မိခင်နဲ့ ညီမဖြစ်သူတို့ရဲ့ နာမည်အောက်မှာ SHINee အဖွဲ့ဝင်တွေရဲ့ နာမည်တွေကို ရေးထားတာ ဖြစ်ပါတယ်..။

Onew၊ Key၊ Minho၊ Taemin ဆိုပြီး အစဉ်လိုက် ရေးသားထားတာ တွေ့ရပြီး Jonghyun နဲ့ SHINee အဖွဲ့သားတွေဟာ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကတည်း အတူ ရှိနေခဲ့ကြတာဖြစ်ပြီး Jonghyun အတွက်တော့ မိသားစုဝင်တွေလိုပါပဲ..။

YG Entertainment နဲ့ JYP Entertainment အပြင် တခြား Entertainment တွေကလည်း ဈာပနကို လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်..။

Source - koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။