ပရိသတ်ကြီးရေ..လရောင်ဖြာတဲ့ အင်းလေးမှာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ သိပ်မကြာခင်မှာပဲရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ အင်းလေးရဲ့သဘာဝအလှအပတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ရုံတင်ပြသမည့်ရက်ကတော့ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ပဲဖြစ်ပါတယ်။ 

လရောင်ဖြာတဲ့ အင်းလေးမှာ ဇာတ်ကားကြီးကို ၀ါ၀ါ၀င်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားပြီး ဒါရိုက်တာညွန့်မြန်မာညီညီအောင်မှ ရိုက်ကူးထားပေးပါတယ်။ ထိုဇာတ်ကားထဲတွင် နေတိုး၊၀ါဇင် ၊၀တ်မှုန်ရွှေရည်၊မေသဥ္ဖာဦး၊စုမြတ်နိုးဦး တို့နှင့်အခြားအနုပညာရှင်ပေါင်းများစွာမှ ပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ ချစ်မေတ္တာ၊ ထိတ်လန့်အံ့သြဖွယ် အမျိုးအစားပဲဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အလှပဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ အင်းလေးရဲ့ အလှအပတွေကို ဖော်ကျူးထားခြင်းတွေ၊ ပါ၀င်သရုပ်ဆောင်ထားတဲ့မင်းသား၊မင်းသမီးတွေရဲ့ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ထားတဲ့ လရောင်ဖြာတဲ့ အင်းလေးမှာဇာတ်ကားကြီးဟာ ပရိသတ်ကြီးကို ကြည့်ရင်းနဲ့မျောသွားစေမယ့် ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားအမြည်းကားတွေကိုတော့ အောက်ကလင့်မှာကြည့်ရှုလို့ရပါတယ်နော်…ပရိသတ်ကြီးလည်း ဇန်နဝါရီလ(၅)ရက်နေ့မှာထွက်ရှိတော့မဲ့ လရောင်ဖြာတဲ့ အင်းလေးမှာ ဇာတ်ကားကို အားပေးလိုက်ကြပါအုန်းနော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။