မျက်နှာ အသားအရေ အမျိုးမျိုးရှိပြီး အသားအရေအမျိုးအစားပေါ် မူတည်ပြီး ဖြစ်ပေါ်ခံစားရတဲ့ အခြေအနေကလည်း မတူညီပါဘူး။ ၀က်ခြံ၊ ဆားဝက်ခြံ၊ တင်းတိပ် နဲ့ အဆီပြန်တဲ့ အသားအရေတွေ ရှိသလို ချွေးပေါက်ကျယ်တဲ့ အသားအရေတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာအသားအရေက စင်းလုံးချော ဖြစ်မနေဘဲ ပြသနာတစ်ခုခု ရင်ဆိုင်နေရတယ်ဆို စိတ်အနှောင့်အယှက်ဖြစ်မိတာတော့ အမှန်ပါပဲ။ အခုဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ချွေးပေါက်ကျယ်ခြင်းနှင့် ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်များနှင့် အိမ်တွင်းကုထုံး နည်းလမ်းများပဲ ဖြစ်ပါတယ်။ 

မျက်နှာအသားအရေက ချွေးပေါက်ကျယ်နေပြီဆိုရင် Salicylic acid ပါ၀င်တဲ့ မျက်နှာသစ်ဆေး၊ တိုနာ တို့ကို အသုံးပြုသင့်သလို အကောင်းဆုံးနည်းကတော့ ကျွမ်းကျင်ပညာရှင်နဲ့ မျက်နှာအသားအရေ ကုသပြီး လိုအပ်တာကို ပြုပြင်သင့်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းအတွက် ကုထုံးနည်း အမျိုးမျိုး ရှိပေမဲ့လည်း အများစုကတော့ ဓာတုဆေးတွေကို သုံးရမှာ ကြောက်ကြပြီး မျက်နှာအသားအရေကို ဆိုင်တွေမှာ အစမ်းသပ်ခံ မဖြစ်ချင်တဲ့ သူများအတွက်တော့ အိမ်တွင်းကုထုံးနည်းလမ်းက အလွန်ပင် အသုံးဝင်ပါတယ်။ ဆိုင်ကိုသွားဖို့ အချိန်မရသေးရင်လည်း ဒီနည်းလေးတွေကို လုပ်ကြည့်လို့ ရပါတယ်။

နည်းလမ်းများစွာ ဖော်ပြပေးထားတာမို့ ကိုယ်နဲ့ အသင့်တော်ဆုံးနဲ့ အဆင့်သင့်အဖြစ်ဆုံး ပစ္စည်းလေးတေကိုပဲ အသုံးပြုလို့ ရပါတယ်။ အကုန်အကျသက်သာပြီး လွယ်ကူတဲ့အပြင် ရ ရက်အတွင်း သိသာစေတာမို့ မဖြစ်မနေ လုပ်ကြည့်လိုက်နော်။ 

နည်းလမ်း (၁) တစ်နေ့ တစ်ကြိမ် မျက်နှာကို ရေခဲကပ်ပေးပါ။ (ရေခဲနဲ့ မတည့်သူကတွေကတော့ ဒီနည်းလမ်းကို ရှောင်ပါ)

နည်းလမ်း (၂) သံပရာရည် (သံပယိုရည်၊ ရှောက်ရည်) နှင့် Breaking Soda ကို ဆတူ ရောမွှေပြီး တစ်ပတ်မှာ နှစ်ကြိမ် လိမ်းပေးပါ။

နည်းလမ်း (၃) ပျားရည် ၂ဇွန်း၊ ဒိန်ချဉ် ၃ဇွန်း၊ ရှောက်သီး၁ဇွန်း ကို ရောနှောလိုက်ပြီး မျက်နှာကို ပေါင်းတင်တဲ့ brush နဲ့ ယူ၍ ပွတ်လိမ်းရင် ၁၀မိနစ်ပါ။ ထို့နောက် ရေဆေးချလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်သာ ပြုလုပ်ပါ။

နည်းလမ်း (၄) ကြက်ဥ တစ်လုံးရဲ့ အကာ၊ ပျားရည် တစ်ဇွန်း၊ သံပရာရည် (သံပယိုရည်၊ ရှောက်ရည်) တစ်ဇွန်း တို့ကို ရောမွှေပြီးနောက် မျက်နှာပေါ် လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။

မျက်နှာ အသားအရေကောင်းဖို့ အခြေခံကတော့ တစ်နေ့မှာ နှစ်ကြိမ် မျက်နှာသစ်ပေးဖို့လည်း လိုပါတယ်။ နှစ်ကြိမ်ထက်လည်း မပိုသင့်သလို တစ်ကြိမ်တည်း ဆိုရင်လည်း မသင့်တော်ပါဘူး။ ဒီနည်းလမ်းလေးတွေကို သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော်။ 

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။