လွန်ခဲ့တဲ့ နှစ်ကဘဲ မြန်မာနိုင်ငံကို လာရောက် ဖျော်ဖြေသွားတဲ့ 2NE1 အဖွဲ့ဟာ ၇ နှစ်အကြာမှာ ပြိုကွဲသွားပြီဟုသိရပါတယ်။ သူတို့ ကုမ္ပဏီဖြစ်တဲ့ YG Entertainment ကပဲ ယနေ့ မှာ သူတို့ အဖွဲ ကွဲပြီဟု အတိအလင်ကြေငြာခဲ့ပါတယ်။ အရင်ချုပ်ထားတဲ့ စာချုပ်သက်တမ်း ဟာ မေလ ၂၀၁၆ ထဲက ကုန်ဆုံးခဲ့တာဖြစ်ပြီး အဖွဲ့သားတွေ ရဲ့ သဘောတူညီချက်အရ စာချုပ်ထပ် မချုပ်တော့တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

2NE1 အဖွဲ့ သားတွေကတော့ တစ်ကိုယ်တော်အနေနှင့် အနုပညာလုပ်ငန်းတွေကို ဆက်လက်လှုပ်ရှားသွားမှာဖြစ်ပြီး ယခုလောလောဆယ်မှာ တော့ YG ရဲ့ ရှယ်ယာတွေ ကျဆင်းကာ ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ YG group ကတော့ အဖွဲ့သားတွေကို ကျေးဇူးတင်ခဲ့ပြီး ကမာ႓တစ်ဝှမ်းမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေကို လည်းကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

2NE1 အဖွဲ့ ဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့ ဖြစ်ပြီး kpop လောကမှာ အဂေါ်ဆုံးအဖွဲ့ နံပါတ်တစ်အဖွဲ့လို့တောင်ပြောလို့ရပါတယ်။ CL, Dara, Minzy, Park Bom စတဲ့ အဖွဲ့ဝင်လေးယောက်နှင့် ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး Minzy က တော့ နှစ်အစပိုင်းတုန်းက 2NE1 ရော YG ကနေထွက်သွားခဲ့ပြီး ယခုမှာတော့ တစ်ဖွဲ့လုံး ပြိုကွဲသွားခဲ့တာဖြစ်ပါတယ်။ CL နှင့် Dara ကတော့ တစ်ကိုယ်တော် အနေနှင့် ဆက်လက်လှုပ်ရှားဖို့ YG နှင့် စာချုပ်ချုပ်ခဲ့ပြီး Park Bom ကတော့ စိတ်မကောင်းစွာနှင့်ဘဲ YG နှင့် စာချုပ်မချုပ်ခဲ့ပါဘူး။

Source: YGunited

translated by Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။